1. Home
  2. Special or Others

လကမ္ဘာရဲ့ အမှောင်ဘက် အခြမ်းကနေ ဂီတသံကြားခဲ့ရကြောင်း လေ့လာတွေ့ရှိ

Special or Others ก.พ. 23, 2559 view 1,602

               လကမ္ဘာအပေါ်မှာ အမေရိကန် အလံ လွှင့်ထူနိုင်ခဲ့တဲ့ ကမ္ဘာကျော် အာကာသ ယာဉ်မှုး Neil Armstrong ရဲ့  လကမ္ဘာကို လှည့်ပတ်ခဲ့တဲ့ စစ်ဆင်ရေး Apollo ရဲ့  အဖွဲ့ဝင်တွေဟာ လကမ္ဘာရဲ့ အမှောင်ဘက် အခြမ်းကနေ ရှင်းပြရခက်ပြီး ထူးဆန်းတဲ့ ဂီတ သံစဉ်တွေကို ကြားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ထို အာကာသ ယာဉ်မှုးတွေရဲ့ ပြောကြားချက်အရ ထို အသံတွေကို သေချာစွာ မသိခဲ့တာ ကြောင့် NASA ရဲ့  စစ်ဆင်ရေး ထိန်းချုပ်မှု ဌာနကို သတင်းပြန် မပို့ခဲ့ဘူးလို့လည်း ဆိုပါတယ်။

              ထို ဖြစ်ရပ်တွေဖြစ်ခဲ့တာဟာ ၁၉၆၉ ခုနှစ်မှာ ဖြစ်ပြီး Apollo 10 ဆိုတဲ့ အာကာသ ယာဉ်ဟာ လကမ္ဘာရဲ့ ဂြိုလ်ပတ်လမ်းထဲကို ၀င်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ထို အာကာသ ယာဉ်ဟာ ကမ္ဘာမြေနဲ့ ရေဒီယို ဆက်သွယ်မှု တစ်နာရီခန့် ပြတ်တောက် သွားခဲ့ပါတယ်။ ဇူလိုင် လမှာ ထပ်မံ ဆောင်ရွက်ခဲ့တဲ့ Armstrong ရဲ့  Apollo 11 အာကာသ ယာဉ်ကတော့ ဘာအခက်အခဲ မှမရှိခဲ့ပဲ အောင်မြင်တဲ့ ခရီးစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် NASA က လကမ္ဘာပေါ်သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး လျှို့ ဝှက်မှတ်တမ်းတင်မှု ပြုလုပ်ထားခဲ့ရာမှာ အာကာသ ယာဉ်မှုးတွေရဲ့နားကြပ်ထဲမှာ ထူးဆန်းတဲ့ အသံတစ်ခု ကြားခဲ့ရကြောင်းကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

              ထို မှတ်တမ်းတင်မှုတွေထဲမှာ Apollo 10 အာကာသ ယာဉ်မှုး တစ်ယောက်ဟာ “မင်းကြားလား? တီးတိုးသံလေ။ ၀ူး ဆိုတာ” လို့ နောက်တစ်ယောက်ကို ပြောပြနေခဲ့ပါတယ်။ ဒါကိုနောက်တစ်ယောက် “အဲဒီအသံဟာ မင်းသိလား အာကာသ သံစဉ်ပဲ” လို့ ပြန်ဖြေတာကို သိခဲ့ရသလို ပထမ စတင်ပြောခဲ့သူ ကလည်း “ဟုတ်တယ်။ သေချာတာက ထူးဆန်းတဲ့ ဂီတ သံစဉ်ပဲ” လို့ သဘောတူ ပြောပြခဲ့ပါတယ်။

             ကျွမ်းကျင်သူတွေသုံးသပ်ထားတဲ့ ဖြစ်နိုင်ချေရှိတာကတော့ ထို အသံဟာ သံလိုက်စက်ကွင်း (သို့) ရေဒီယိုကို နှောင့်ယှက်လာတဲ့ လေထု အသံပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း လကမ္ဘာဟာ သံလိုက်စက်ကွင်း မရှိတဲ့ နေရာဖြစ်ပြီး အသံဖြစ်တည်လာဖို့အတွက်လည်း လုံလောက်တဲ့ လေထု မရှိတာကြောင့် ထို အသံဟာ အံ့ဖွယ် ဖြစ်ရပ်တစ်ခုသာ ဖြစ်လာခဲ့ပါတော့တယ်။

Credit ; THITTHOOLWIN



Follow us on