1. Home
  2. Good Morning Myanmar

မြန်မာ့မီဒီယာကဏ္ဍဖွံ့ဖြိုးမှု စကားဝိုင်းဆွေးနွေးပွဲပြုလုပ်

Good Morning Myanmar ก.พ. 23, 2559 view 1,540

             Mizzima မီဒီယာဂရုနဲ့ Action Aid တို့ပူးပေါင်းပြီးမြန်မာမီဒီယာဖွံ့ဖြိုးမှု စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွား ပါတယ်။ဒီဆွေးနွေးပွဲမှာ အစိုးရသစ်လက်ထက် မြန်မာအသံနဲ့ရုပ်မြင်သံကြားအပါအ၀င် နိုင်ငံပိုင်သတင်းစာတွေကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲဖို့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး သတင်းမီဒီယာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ သံရုံးတာဝန်ရှိသူတွေနဲ့ အရပ် ဘက်အဖွဲ့ ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင် မီဒီယာသမား တွေအတွက် အရည်သွေးမြှင့်တင်ပေးတာတွေနဲ့ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍမြှင့်တင်နိုင်ဖို့အတွက် NLD အစိုးအနေနဲ့ ထောက်ပံ့မယ်လို့သိရပါတယ်။



Follow us on