1. Home
  2. Movie Stars - Celebrity

ဖိုးကာ ၏ ဂီတ သက်တမ်း ၁၉ နှစ်ပြည့် တစ်ကိုယ်တော်ခွေ ဖြန့်ခင်း

Movie Stars - Celebrity ก.พ. 24, 2559 view 1,883

Bo Bo Music Production မှ အဆိုတော် ဖိုးကာ၏ ၆ ခွေမြောက် တစ်ကိုယ်တော်အဖြစ် ဖြန့်ခင်းဟု အမည်ပေးထားသည့် တေးအယ်ဘမ် CD & DVD ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် မှ စတင် ဖြန့်ချိသွားမှာဖြစ်ပါတယ် ။  

ဂီတသက်တမ်း ၁၉ နှစ်ပြည့် အထိမ်း အမှတ်အဖြစ် ထွက်ရှိခြင်း ဖြစ်ပြီး တေးသီချင်း စုစုပေါင်း ၉ ပုဒ် ပါဝင်ကာ ပရိသတ်အတွက် Audio CD အပြင် DVD အနေဖြင့်ပါ တစ်ခါတည်း ထွက်ရှိမည် ဖြစ်သည်။

တေးအယ်ဘမ်တွင် တေးသီချင်း အားလုံးကို Immortal Band ဖြင့် တီးခတ်ထားပြီး တေးရေးများအဖြစ် မိုးမင်းအိမ်၊ ကောင်းဇော် နှင့် အဆိုတော်ဖိုးကာ ကိုယ်တိုင် ရေးသားထား သည့် တေးသီချင်းများ ပါဝင်သည်။

DVD အခွေမှာတော့ ဒါရိုက်တာများ အဖြစ် အေးဇော်မိုး(စက်မှု)၊ မိုးဇော်ကို၊ ဓာတ်ပုံ ဥာဏ၊ စန်းထွဋ်၊ မေဘရဏီတို့မှ ရိုက်ကူး ပေးထားကြပြီး သရုပ်ဆောင်များ အဖြစ် မြင့်မြတ်၊ ထူး၊ လုလု၊ ဇွဲပြည့်၊ ချာလီ၊ သူရိန်ဝင်း၊ မင်းသိဒ္ဓိ၊ မစ်ကီ ၊ ခင်ဝင့်ဝါ၊ ဇင်မင်း ၊ နွယ့်ဒါလီထွန်း ၊ နွေးနုနုနိုင် ၊ ဖူးဖူးသစ် တို့မှ ပါဝင် သရုပ်ဆောင်ထားသည်။

အဆိုတော် ဖိုးကာသည် ၁၉၉၇ ခုနှစ်တွင် မှန်တစ်ချပ်ရဲ့အိပ်မက်၊ ၂၀၀၂ ခုနှစ်တွင် မျှော်လင့် သောလမ်း၊ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၆ ခုနှစ် ဝန်းကျင်အတွင်း တစ်စိမ့်စိမ့်ကြည့် ၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အတွင်း တိုးတိုးလေးပြောပါ၊ ၂၀၁၃ ခုနှစ်တွင် အိပ်မက် ၁ အိပ်မက် ၂ စသည့် တစ်ကိုယ်တော် တေးအယ်ဘမ်များကို ထွက်ရှိခဲ့သူ တစ်ဦးလည်း ဖြစ်သည်။



Follow us on