1. Home
  2. Myanmar News

လှိုင်သာယာ FMI အဆင့်မြင့် အိပ်ယာ အတွင်း အဓမ္မ ပြုကျင့် လုယက်မှု ဖြစ်ပွားခဲ့

Myanmar News ก.พ. 24, 2559 view 1,593

လှိုင်သာယာမြို့နယ်၊ FMI City ၀င်းအတွင်းရှိ နေအိမ် တစ်အိမ်ရှိ အိမ်အကူ မိန်းက လေးအား အဓမ္မပြုကျင့်ကာ ရွှေ ထည်ပစ္စည်းများနှင့် ငွေစက္ကူ စုစု ပေါင်း ကျပ်သိန်း ၂၃၀ ကျော်ဖိုး ယူဆောင်သွားသည့်အမှုတွင် ဖေ ဖော်ဝါရီ ၂၅ ရက်၌ အိမ်ရှင်ဖြစ်သူကို စတင်စစ်ဆေးမည်ဖြစ် ကြောင်း မြောက်ပိုင်းခရိုင်တရား ရုံးမှ သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ရသူ သက်ယုဇော် (ခ) ရခိုင် (ခ)ဖိုးလပြည့်အား ဖေဖော်ဝါရီ ၁၀ ရက်၌ တရားစွဲဆိုတင်ပို့ခဲ့ပြီး လာမည့် ၂၅ ရက်တွင် တရားလို ဒေါက်တာဝင်းမာသစ်ကို စတင် စစ်ဆေးမည်ဖြစ်ကြောင်း မြောက် ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဓမ္မပြုကျင့်၊ လုယက်ခဲ့သူ ဟု စွပ်စွဲခံထားရသူကို ဒုတိယ ခရိုင်တရားသူကြီး (၃)က တာဝန် ယူစစ်ဆေးမည်ဖြစ်ပြီး ပြစ်မှုကြီး အမှတ် ၂၅/၁၆ ဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း မြောက်ပိုင်းခရိုင်တ ရားရုံးမှ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၂ ရက် မွန်းလွဲ ၁၂ နာရီခန့်က လှိုင်သာ ယာမြို့နယ် ပဒေသာပင်မြို့တော်အတွင်းရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်များ အလုပ်သွားနေခိုက် အိမ်အကူမိန်းကလေးအား အဓမ္မပြုကျင့်ကာ ရွှေထည်ပစ္စည်းနှင့် ငွေစက္ကူ စုစုပေါင်း ကျပ်သိန်း ၂၃၀ ကျော်ဖိုး ခြိမ်းခြောက်ယူ ဆောင်မှုဖြစ်ပွားခဲ့သည်။

လှိုင်သာယာမြို့နယ် အမှတ် (၄)ရပ်ကွက် ယမင်းရွှေဝါလမ်း အမှတ် (O/173) အိမ်တွင် အသက်(၂၀)အရွယ် အိမ်အကူ မိန်းကလေး နေအိမ်၌ရှိနေစဉ် အ သက် (၂၇)နှစ်ခန့်ရှိ အမျိုးသား တစ်ဦး ၀င်လာကာ အိမ်အကူ မိန်းကလေးကို ဓားဖြင့်ထောက်၍ နေအိမ်မှ ရတနာပစ္စည်းများလုယူ သွားပြီး အိမ်အကူမိန်းကလေးကို ပါ အဓမ္မပြုကျင့်ခဲ့ကြောင်း ကန ဦး တိုင်တန်းချက်များအရ သိရ သည်။

ထို့နောက် မီးခံသေတ္တာအ တွင်းမှ ဆွဲကြိုးလေးကုံး၊ လက် ကောက်သုံးကွင်း၊ နားဆွဲခြောက် ရန်၊ လက်စွပ်ခြောက်ကွင်း၊ လော့ ကတ်သီး ခြောက်ခုတို့ကို ယူ ဆောင်ခဲ့ပြီး အိမ်အကူအမျိုးသမီး ကို အခြားအခန်းသို့ခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။



Follow us on