1. Home
  2. Myanmar News

မြန်မာ့ရိုးရာ ထမနဲကို မြည်းစမ်းတဲ့ အမေရိကန်သံအမတ်ကြီး မစ်ချဲလ်

Myanmar News ก.พ. 24, 2559 view 1,705

            မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ်ချဲလ်က မြန်မာ့ရိုးရာ ထမနဲ မြည်းစမ်းကြည့်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လူမှုကွန်ရက် စာမျက်နှာမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး ဓာတ်ပုံနဲ့တကွ တင်ပြထားပါတယ်။ "မိမိတို့ရဲ့ဖေ့စ်ဘွတ်ခ်အဖွဲ့ဝင်ဘယ်လောက်များများ တပို့တွဲပွဲကိုဆင်နွှဲကြပါသလဲ။ မြန်မာပြက္ခဒိန်မှ ၁၁ လမြောက်ဖြစ်တဲ့ တပို့တွဲလဟာ မြန်မာတို့ရဲ့ သီးနှံရိတ်သိမ်းတဲ့ပွဲတော်ရာသီ ဖြစ်ပါတယ်။

             ဈေးတွေမှာ နိုင်ငံတစ်ဝန်းက ထွက်တဲ့ သီးနှံတွေနဲ့ပြည့်နေပြီး လူအများက ထမနဲပွဲကိုစုပေါင်းဆင်နွှဲကြပါတယ်။ ကောက်ညှင်းဆန်၊အုန်း၊ နှမ်းနဲ့ မြေပဲ တို့နဲ့ ပေါင်းစပ်ထားတဲ့ ထမနဲရဲ့ အကောင်းဆုံးအပိုင်းကို ဓလေ့ထုံးစံအရ “ရိုသေထိုက်သူများကို အရင်ဦးချ” လေ့ရှိပါတယ်။ ဓာတ်ပုံမှာ ဆရာတော် ဘဒန္တဒေါက်တာ ပညာသီဟရဲ့ ဖိတ်ကြားချက်အရ သံအမတ်ကြီး မစ်ချဲလ် နဲ့ ဇနီး မင်မစ်ချဲလ် တို့ တောင်ဒဂုံ မြို့နယ် ရှိ သီတဂူ သောတုဇန တက္ကသိုလ် မှာ ထမနဲ မြည်းစမ်းကြည့်နေကြပါတယ်။

Credit ; The Irrawaddy(Burmese news)



Follow us on