1. Home
  2. Special or Others

သက်စွန့် စံဖျား ကူးသွား ရတဲ့မြစ်

Special or Others ก.พ. 24, 2559 view 1,686

မြို့ပြနေလူထုတွေ တစ်နေ့တစ်နေ့ အလုပ်သွားအလုပ်ပြန်၊ ကျောင်းသွားကျောင်းပြန်တဲ့အချိန်မှာ ကားပိတ်လို့၊ ရထားနောက်ကျလို့ ဆိုပြီး ညည်းတွားတက်ကြပါတယ်။ ဒါပေမယ့် နီပေါမှာ ရှိတဲ့ တချို့  ကလေးငယ်တွေနဲ့ အလုပ်သမားတွေ နေ့စဉ် ဘယ်လိုအလုပ်သွားရသလဲ ဆိုတာ ကြည့်ပြီးရင်တော့ ကားပိတ်တာ၊ ရထားနောက်ကျတာဟာ အသေးအဖွဲ ဒုက္ခလို့ ထင်သွားပါလိမ့်မယ်။

နီပေါမှာ နာမည်ကြီးလှတဲ့ ထရိုင်ရှုလီမြစ်ကို ဖြတ်သန်းပြီးတော့ ဘီနီဂတ်အရပ်က ကလေးငယ်တွေဟာ ကျောင်းသွားတက်ရတာဖြစ်ပါတယ်။ မြစ်ကိုလှေတွေ၊ သင်္ဘောတွေနဲ့ ဖြတ်သန်းရတာ မဟုတ်သလို တံတားပေါ်က လျှောက်ပြီး ဖြတ်သန်းရတာလည်း မဟုတ်ပါဘူး။ ပုံမှာ မြင်တဲ့အတိုင်း ကြိုးတန်းကို စက်သီးနဲ့ ဆွဲပြီး ဟိုဘက်ကမ်းကို ကူးကြရတာဖြစ်ပါတယ်။

ဟိုဘက်ကမ်း အလုပ်သွားလုပ်ရသူတွေလည်း ဒီအတိုင်းပါပဲ။ အန္တရာယ်များလှတဲ့ ခရီးလမ်းဖြစ်ပြီး ၂၀၁၀ တုန်းက မြစ်ဖြတ်ကူးရင်း လူ ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စာရင်းပျောက်သေဆုံးမှုတွေရှိနေပါသေးတယ်။ အဲဒီအရပ်ဒေသ တစ်ဝိုက်မှာ မြစ်ကို ဒီလိုဖြတ်ကူးပြီး ကျောင်းသွားတက်ရတဲ့ ကလေးတွေ မနည်းလှပါဘူး။ နီပေါဝန်ကြီးချုပ်ကတော့ နှစ်နှစ်အတွင်း တံတားအစင်းရေ ၃၆၆ စင်းတည်ဆောက်ပေးမယ်လို့ ဆိုပါတယ်။

တံတားချက်ခြင်းဆောက်လည်း ပြဿနာက ချက်ခြင်းတော့ မပြေလည်နိုင်သေးပါဘူး။ အကြောင်းကတော့ မြစ်ဟာ ရှည်လျားစွာ ရှိနေတဲ့အတွက် တံတားတွေ အများကြီး ဆောက်ရမှာ ဖြစ်လို့ပါ။



Follow us on