မေဆွိရဲ့ ဂီတသက်တမ်း နှစ်(၄၀) ပြည့်ရှိုးကြီးကို မန္တလေးမြို့မှာ မတ်လ (၂၃) ရက်နေ့မှာ ကျင်းပမယ်လို့သိရ ပါတယ်။
တစ်ကိုယ်တော်ရှိုးလို့ မခေါ်ချင်တဲ့ မေဆွိရဲ့ အဲ့ဒီပွဲကြီးမှာ အခြားအနုပညာရှင် တွေကိုလည်း ပါဝင်ဖို့အတွက် ဖိတ်ခေါ်ထားပါတယ်လို့ဆိုပါတယ်။
"တစ်ကိုယ်တော်ရှိုးလို့တော့ မခေါ်ချင်ပါဘူး။ အမရဲ့ ဂီတလောကထဲမှာ ဖြတ်သန်းလာခဲ့တာနှစ်(၄၀)ပြည့်ပြီပေါ့။ ဒါကြောင့် ဂီတသက်တမ်းနှစ် (၄၀) ပြည့်ရှိုးပွဲကြီးလို့ ပဲခေါ်ချင်ပါတယ်။"လို ပြောပြသွား ပါတယ်။
ရှိုးမှာ ရန်အောင်၊ ကိုင်ဇာ၊ ဖိုးသောကြာနဲ့ ရဲလေးတို့ ပါဝင်ပေးဖို့ကိုလည်း ပြောထားပါသေးတယ်။ မတ်လ(၆)ရက်နေ့မှာလည်း မေဆွိ၊ရတနာဦး၊မီမီဝင်းဖေတို့နဲ့အတူ "အဝေးတစ်နေရာ"ရှိုးပွဲကြီးကို ဂန္ဓာမာဟိုးဆေးလ်မှာ ကျင်းပဖို့လဲ ရှိပါသေး တယ်။