1. Home
  2. Special or Others

ကိုယ်ဝန်ရှိနေတဲ့ ကောင်မလေးကို တာဝန် မယူချင်လို့ မီးရှို့သတ်ခဲ့သူ

Special or Others ก.พ. 26, 2559 view 1,684

ဆယ်ကျော်သက် အရွယ်ချစ်သူ ကောင်မလေးနဲ့ ကျူးကျူးကျော်ကျော် ဖြစ်ခဲ့ကြပြီး ကိုယ်ဝန်ရှိနေတာကိုသိခဲ့လို့ အရှင်လတ်လတ် ကောင်မလေးကို မီးရှို့သတ်ခဲ့တဲ့ အမှုတစ်ခု ဂျာမနီနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ Maria Peiner အမည်ရတဲ့ အသက်၁၉ နှစ်အရွယ် ကောင်မလေးကို သူ့ချစ်သူ Eren Tobenနဲ့ သူငယ်ချင်း Daniel Mueller တို့ဟာ ဘာလင်မြို့စွန်က တောစပ်ကိုဖျားယောင်း ခေါ်ဆောင်သွားခဲ့ပါတယ်။

Maria ကတော့ မွေးလာမယ့် ကလေးအတွက် အင်္ကျီလေးတွေ အတူတူ သွားဝယ်မယ်လို့ ထင်ပြီး လိုက်သွားခဲ့တာပါ။ တရား၇ုံမှာ အမှုမှန်ပေါ်ပေါက်ခဲ့တဲ့နေ့မှာတော့ Tobinဟာ ကောင်မ လေးရဲ့ခေါင်းကို သစ်သားချောင်းနဲ့ရိုက်ပြီး၊ပေါက်မုန့်လှီးတဲ့ ဓားနဲ့လည်း ထိုးခဲ့ပါတယ်။ ပြီးတော့ မသေမရှင်ဖြစ်နေတဲ့ ကောင်မလေးကို ရေနံဆီနဲ့ အရှင်လတ်လတ်မီးရှို့သတ်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ သူမရဲ့ရုပ်အလောင်းကို တောစပ်အတွင်း ဖြတ်သန်းသွား လာသူတစ်ဦးက တွေ့ရှိခဲ့ပြီး ရဲကိုတိုင်ကြားခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာပဲ သူတို့၂ယောက်ကို ဖမ်းမိခဲ့ပါတယ်။ Tobinရဲ့လက်ဗွေရာကို ဓားလက်ကိုင်ပေါ်မှာ တွေ့ရှိခဲ့ပါတယ်။ တရားသူကြီးက ၂ယောက်လုံးကို ထောင်ဒဏ်၁၄နှစ်ချမှတ်ခဲ့ပါတယ်။

“Toben ဟာ လွတ်လပ်တဲ့ ဘဝတစ်ခုကို လိုချင်လို့ ဒီလိုလူသတ်မှုကို ကျူးလွန်ခဲ့တာပါ။ ကြံရာပါ Mueller ကတော့ အခြားလူတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးသတ်ဖြတ်ရတာကို ကြိုက်နှစ်သတ်လို့ ပါဝင်ကူညီ ခဲ့ပုံရပါ တယ်လို့ ” တရားသူကြီးက ပြောခဲ့ပါတယ်။



Follow us on