1. Home
  2. Special or Others

အချစ်ရေးရာနဲ့ပါတ်သက်ပြီး ဘယ်လို အချိန်မှာ ဘယ်သီချင်းကို နားထောင်နိုင်ဖို့ အတွက် သီချင်း ၁၂ ပုဒ်

Special or Others ก.พ. 29, 2559 view 1,644

သင့်အချစ်ရေးက နာကျင်စရာတွေနဲ့ ပြည့်နှက်နေပါသလား။ ဒါမှမဟုတ် ပျော်ရွှင်ချမ်းမြေ့နေရတဲ့အချိန်မျိုး ပိုင်ဆိုင်ထားတာမျိုးလား။ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချရတော့မှာလား၊ အလွမ်းအဆွေးဇာတ်တွေ ခင်းနရတာလား။ ဘယ်လိုအခြေအနေပဲ ကြုံကြုံ ဒီအခြေအနေတွေပေါ်မူတည်ပြီး သင် နားဆင်ခံစားနိုင်မယ့် သီချင်းလေးတွေ ရှိနေပါတယ်။ အဲ့ဒီသီချင်းလေးတွေကတော့

၁။သင့်အချစ်ရေး အခြေအနေတွေက ဘာလုပ်ရမှန်းမသိအောင် ရှုပ်ထွေးနေတယ်ဆိုရင် နားထောင်သင့်တဲ့ သီချင်းက   -"Situationships" — Fabolous

၂။သင့်အချစ်က တကယ့်ကို လေးလေးနက်နက်ဆိုရင်တော့ ဒီသီချင်းလေး နားထောင်ပါ။  -  "Forever" — Lecrae

၃။ ဇာတ်လမ်းကို အဆုံးသတ်ပစ်ချင်နေပြီလား။ ဒါဆိုရင်တော့ သင်နားထောင်ရမယ့် သီချင်းလေးက  - " Shake It Out" — Florence + The Machine

၎။ ခုအခြေအနေမှာ သူနဲ့ကိုယ်နဲ့ ဘယ်လိုအခြေအနေမှန်းတောင် မသိတော့ဘူးဆိုရင် နားထောင်ရမှာက - "Heartbeat" — Childish Gambino

၅။ သူ့အကြောင်းချည်းပဲ တွေးနေမိပြီလား။ ဒါဆိုရင် သင်နားထောင်ရမှာက - "Million" — Tink

၆။ သူမရဲ့ အချစ်နဲ့ လုံလောက်တယ်လို့ကို မခံစားရဘူးဆိုရင် သင်နားထောင်ရမယ့် သီချင်းက - "So Anxious" — Ginuwine

၇။ သင့်နှလုံးသား ကွဲကြေရတာ အခါပေါင်းမနည်းတော့ဘူးလား။ ဒီလိုဆိုရင်တော့ ဒီသီချင်းလေး နားထောင်ကြည့်ပါ - "The Break Up Song" — Wale

၈။ သင်က သူ့အတွက် အရေးကြီးတဲ့သူ အရာအားလုံးသာ ဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေရင် - "Favorite" — Nicki Minaj

၉။ သင့်အချစ်ရေး ရှုပ်ထွေးနေပြီ၊ ဘာလုပ်ရမှန်းမသိတော့ဘူးဆိုရင် နားထောင်ရမှာက - "Stubborn Love" — The Lumineers

၁၀။ သင်က အချစ်ခံချင်နေသူလား ဒါဆိုရင် ဒီသီချင်းလေး နားထောင်ကြည့်ပါ - "Adorn" — Miguel

၁၁။ သင့်အချစ်တွေ အားလုံးပျောက်ဆုံးသွားပြီ။ ဘာမှမရှိတော့ဘူးလို့ ခံစားနေရရင်တော့ - "Ain't No Sunshine" — Bill Withers

၁၂။ သင်တကယ်ကို ချစ်မိသွားပြီဆိုရင် ဒီသီချင်းလေး နားထောင်ကြည့်ပါ  - "Really Love"  — D'Angelo and The Vanguard

 



Follow us on