1. Home
  2. Special or Others

မွေးခါစ အမွှာ သားငယ်၂ ယောက်ကို ခွဲခြားနိုင်ဖို့အတွက် တက်တူး ထိုးပေးမယ့် ဖခင်

Special or Others ก.พ. 29, 2559 view 1,603

အမြွှာသားငယ် နှစ်ဦးအနက် တစ်ဦးဟာ ၄ နာရီခြားတစ်ခါ ဆေးတိုက်ရန် အရေးတကြီး လိုအပ်ပြီး သားနှစ်ဦးမှာ ခွဲ၍ မရအောင် တူနေခြင်းကြောင့် အခက်ကြုံပြီး ဖခင် ဖြစ်သူမှာ တက်တူးထိုးပေးရန် အကြံဥာဏ်တောင်းခံခဲ့ပါတယ်။

Adam နဲ့ Aron ဆိုတဲ့ အမြွှာကလေးငယ်နှစ်ယောက်ကို မိခင်နဲ့ ဖခင်ကတောင် ခွဲခြားဖို့  အရမ်းခက်ခဲနေတဲ့အတွက် Adam ရဲ့ လက်မောင်းမှာ တက်တူးထိုးပေးဖို့အတွက် Reddit ဖိုရမ်ကို ထင်မြင်ချက်များ တောင်းခဲ့တာဖြစ်ပါတယ်။

ပထမဆုံး သူတို့လင်မယားနှစ်ယောက်က သားနှစ်ယောက်ကို ခွဲခြားနိုင်ဖို့အတွက် မင်တို့ပြီး မှတ်ထားခဲ့ကြပါတယ်။ ကံဆိုးချင်တော့ လင်မယားနှစ်ဦးလုံး မအားလပ်တာကြောင့် အဘွားဖြစ်သူမှ ထိန်းပေးရတဲ့ အချိန်ကြုံလာပါတယ်။ မင်အမှတ်က ရေချိုးလိုက်တဲ့အတွက် ပျက်သွားတာကြောင့် Aron ကို တိုက်ရမဲ့ဆေးကို Adamကို မှားပြီးတိုက်လိုက်မိပါတယ်။

Adam လည်း ဆိုးဆိုးဝါးဝါး နေမကောင်းဖြစ်ခဲ့သလို Aron လည်း ရောဂါအခြေအနေပြင်းထန်ပြီး ဆေးရုံတစ်ပတ်လောက်တက်လိုက်ရပါတယ်။ ဖခင်ဖြစ်သူက ဒီလိုအခြေအနေမျိုး နောက်ထပ်ကြုံမှာ အရမ်းစိုးရိမ်နေပါတယ်။လင်မယားနှစ်ယောက်က အင်္ကျီမတူအောင်ဝတ်ပေးတာမျိုး၊တစ်ယောက်ကို လက်သည်းနီ ဆိုးပေးထားတာ၊လက်ကောက်လေး ဝတ်ပေးထားတာ စတဲ့ နည်းအမျိုးမျိုးကို စမ်းသပ်ကြည့်ပြီးပေမဲ့ အမြဲတမ်းတာရှည်ခံမယ့် အဖြေတစ်ခုကို လိုချင်ခဲ့ပါတယ်။

ဒါကြောင့် တက်တူးထိုးဖို့ စိတ်ကူးရခဲ့ပြီး အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ တချို့က နားဖောက်ပေးဖို့ အကြံဥာဏ်ပေးပြီး တချို့ကတော့ တက်တူးအသေးလေးတစ်ခု ထိုးဖို့ ပြောထားကြပါတယ်။အဓိကကတော့ ကလေးဆေးပညာရှင်များနဲ့ တိုင်ပင်ပြီး ဘယ်နည်းက အကောင်းဆုံးဖြစ်မလဲ ဆိုတာကို ရွေးချယ်သွားမယ်လို့ ဖခင်ဖြစ်သူက ဆိုထားပါတယ်။
 



Follow us on