
ကမ္ဘာကျော်အဆိုတော် ရီဟားနားနှင့် ဂျက်စတင်ဘီဘာတို့သည် ယခုနှစ်တွင် ကျင်းပပြုလုပ် မည့် V Festival တေးဂီတပွဲတော်တွင် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ပြီး သြဂုတ် ၂၀ နှင့် ၂၁ ရက်တွင် အက်ဆက်ဇ်ခရိုင် Hylands ပန်းခြံနှင့် စတန်းဖို့ဒ်ရှိုင်းယားခရိုင် Weston ပန်းခြံတို့တွင် ဖျော်ဖြေသွားမည်ဖြစ်ပြီး ၂၁ နှစ်မြောက် V Festival တေးဂီတဖျော်ဖြေပွဲတွင် ဆီအာ၊ ဘက်စ်တိုင်းလ်လီ၊ လစ်တဲလ်မစ်ဇ်၊ ဂျက်စ်ဂလန်းနှင့် ဂျိတ်ခ်ဘက်ကဲ့ သို့သော အနုပညာရှင်များနှင့် ဖျော်ဖြေသွားမည် ဖြစ်သည်။
ရီဟားနားသည် နာမကျန်းဖြစ်ခဲ့ခြင်းကြောင့် ဂရမ်မီဆုပေးပွဲ ဖျော်ဖြေပွဲတွင် ပါဝင်ခဲ့ခြင်း မရှိ သော်လည်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည့် Brits Award ဆုပေးပွဲတွင် ဖျော်ဖြေသွား မည် ဖြစ်သည်။
ဖေဖော်ဝါရီ ၂၄ ရက် Brits Award ဆုပေးပွဲပြီးနောက် ည ၁၀ နာရီတွင် V Festival တေးဂီတ ပွဲတော် နှင့်စပ်လျဉ်း၍ အစီစဉ်များကို ကြေညာပေးသွားခဲ့ပြီး လက်မှတ်များကို ဖေဖော်ဝါရီ ၂၆ ရက် တွင် ရောင်းချပေးသွာခဲ့ပါသည်။
comment