1. Home
  2. Movie Stars - Celebrity

အကြိမ်ကြိမ် ရွှေ့ဆိုင်းပြီး မတ်လ ၆ ရက်မှာ ကျင်းပတော့မယ့် အဝေး တစ်နေရာ ဖျော်ဖြေပွဲ

Movie Stars - Celebrity มี.ค. 01, 2559 view 1,640

ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း အ ကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် အမျိုးသမီးအဆိုရှင်သုံးဦး၏ ‘အဝေး တစ်နေရာ’အမည်ရှိ ဖျော်ဖြေပွဲကို မတ်လ ၆ ရက်၌ ကျင်းပတော့မှာဖြစ်ပါတယ်။

‘‘ပထမအကြိမ်အနေနဲ့က တော့ ပွဲစီစဉ်ပြီးခါမှ တစ်နိုင်ငံလုံး မှာ ရေဘေးဒုက္ခတွေဖြစ်တာ ကြောင့် တစ်နိုင်ငံလုံးစိတ်ဆင်းရဲ နေတဲ့အချိန်မှာ သီချင်းမဆိုသင့် ဘူးလို့ အစ်မတွေက ဆုံးဖြတ်ခဲ့ တာကြောင့် ပွဲကိုတစ်ကြိမ်ရွှေ့ပါ တယ်။ ဒုတိယတစ်ကြိမ်ကတော့ ရက်တွေရော အားလုံးစီစဉ်ပြီးမှ သူတို့ရဲ့ မူဝါဒအသစ် စတူဒီယို ခေတ်ပေါ်သီချင်းတွေကို ပေးဆိုဖို့ အမျိုးသားဇာတ်ရုံမှာ အဆင်မပြေတော့ဘူးဆိုတဲ့ အကြောင်းကြား စာရပြီးပွဲကို ဒုတိယကြိမ် ထပ်ရွှေ့ လိုက်ရပါတယ်။ အခု ဂန္ဓမာမှာ တတိယနဲ့ နောက်ဆုံးအကြိမ်ပွဲ သိမ်း ဂိုးသွင်းပါတော့မယ်’’ဟု ယင်းဖျော်ဖြေပွဲအတွက် စာနယ် ဇင်းရှင်းလင်းပွဲအခမ်းအနားမှာ အီကြာကွေးက ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေပွဲတွင် မေဆွိ၊ မီမီဝင်းဖေနှင့် ရတနာဦးတို့သုံးဦး ဖျော်ဖြေမည်ဖြစ်ပြီး ၂၀၁၃ အ တွင်း   ထွက်ရှိခဲ့သော  ‘အဝေး တစ်နေရာ’စီးရီးမှ သီချင်းများ အပါအဝင် ၎င်းတို့၏ နာမည်ကြီး သီချင်းများ ဖျော်ဖြေပေးမည်ဖြစ် သည်။

‘‘အဝေးတစ်နေရာလို့ပေး ထားလို့များ ဝေးနေတာလားလို့ တစ်ခါတစ်ခါကျရင်တွေးမိပါ တယ်’’ ဟု မေဆွိက ပြောသည်။
ယင်းဖျော်ဖြေပွဲကို မတ်လ ၆ ရက်တွင် ဂန္ဓမာဟိုးဆေးလ်၌ ပြုလုပ်မှာဖြစ်ပါတယ်။

‘‘မမီသီချင်းလေးတွေကို သပ်သပ်ရပ်ရပ်နဲ့ ကောင်းအောင် ဆိုမယ်။ LED မှာ မမီထိုးချင်တဲ့ အရုပ်လေးတွေကို ပြင်ဆင်တယ်။ အကတွေ ဘာတွေကတော့ မမီ သီချင်းတွေနဲ့ မလိုက်ဘူး။ ရတနာ ဦးတို့၊ မဆွေတို့ဆီမှာတော့ အက တွေ စီစဉ်ထားတယ်လို့ သိရ တယ်’’ဟု မီမီဝင်းဖေက ပြော သည်။

ဖျော်ဖြေပွဲ အကြိမ်ကြိမ်ရွှေ့ ဆိုင်းခဲ့ရသောကြောင့် စိတ်အလို မကျမှုရှိခဲ့သော်လည်း ပြင်ဆင် ချိန်ပိုရသွားသည့်အပေါ် စိတ်ကျေနပ်ခဲ့ရပါတယ် လို့ ရတနာဦးကလဲပြောကြားခဲ့သည်။

‘‘ကိုယ့်ရဲ့ ပရိသတ်အစစ် တွေနဲ့ တွေ့ရမှာဖြစ်တဲ့အတွက် အရမ်းဝမ်းသာတယ်။ သူတို့အ တွက် အကောင်းဆုံး ဘယ်လို လုပ်ပေးနိုင်မလဲစဉ်းစားပြီး ကိုယ် လုပ်ပေးတဲ့အပေါ်မှာ သူတို့ဆီက တုံ့ပြန်မှုကို ကြိုတင်ပြီးရင်ခုန်နေ တယ်’’ဟု ရတနာဦးက ပြော ကြားခဲ့ သည်။ ဖျော်ဖြေပွဲလက်မှတ်များကို ငွေကျပ်တစ်သောင်း၊ နှစ်သောင်း၊သုံးသောင်းနှင့် VIP သတ်မှတ် ထားပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့ထဲက  စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

7Daily



Follow us on