
ပိုပိုရဲ့ သင်္ကြန်ဆုတောင်း အခွေပရိုမိုးရှင်းပွဲကို မတ်လ (၆)ရက်နေ့ ညနေ ၄ နာရီကနေ ၇ နာရီအထိ Dagon Centre Outdoor မှာ ကျင်းပပြုလုပ် မှာဖြစ်ပါတယ်။ပိုပိုရဲ့ ဆန်းသစ်မှုတွေနဲ့ ကြိုးစားထားတဲ့ သင်္ကြန်ဆုတောင်းအခွေ ပရိုမိုးရှင်းပွဲမှာ ဂီတာ(၃)လုံးနဲ့အစောဆုံးလာတဲ့ အယောက် ၁၀၀ ကို အကျီင်္၊ နောက်ထပ်တစ်ရာကို ရင်ထိုး ၁၀၀များကို လက်ဆောင်အဖြစ် ပေးသွားမယ်လို့ လဲ ပြောထားပါတယ် ။
"ပိုပိုကိုယ်တိုင်ဆန်းသစ်ထားတဲ့ သင်္ကြန်ဆုတောင်းအခွေလေးကို ပရိသတ်တွေအနေနဲ့ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။သင်္ကြန်ဆုတောင်း Music Vedio...လေးရယ် CD ရယ် MTV ရယ် ၃ချပ်ပါမှာ။ဒီအခွေလေးကို အရမ်းကိုကြိုးစားထားပါတယ်။အမှားအယွင်းတွေ လိုအပ်ချက်တွေရှိရင် သည်းခံနားလည်ပေးကြပါ"လို့သူမပြောပါတယ်။
ဒီအခွေလေးကို သူမကိုယ်တိုင်သရုပ်ဆောင်လုပ်ထားသလို သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ကြိုးစားထားတယ်လို့ ဆိုပါတယ်။ "သင်္ကြန်ဆုတောင်း"အခွေထဲမှာ ပိုပိုနဲ့အတူ ရဲလေး၊ အောင်လေး၊ ဇွဲပြည့်၊ ဖြိုးပြည့်စုံ၊ စုစန္ဒီထွန်း တို့ကပါဝင်သီဆိုထား ကြပါတယ်။
comment