1. Home
  2. Special or Others

ကမ္ဘာပေါ်မှာ ပထမဆုံး ဗိုက်ခွဲ မွေးဖွားခဲ့တဲ့ မျောက်ဝံ ကလေး

Special or Others มี.ค. 01, 2559 view 1,863

မကြာခင်က ဗြိတိန် Bristol တိရစ္ဆာန်ရုံမှာ ဂေါ်ရီလာမျောက်ဝံမ Kera အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့ပြီး မျောက်ဝံကလေးကို ဗိုက်ခွဲမွေးဖွားခဲ့တယ်။ ဒါဟာ ကမ္ဘာပေါ်မှာ ဗိုက်ခွဲနည်းလမ်းနဲ့ အောင်မြင်စွာ မွေးဖွားခဲ့တဲ့ ပထမဆုံး မျောက်ဝံလေးပါ။

အသက် ၁၁နှစ် အရွယ်ရှိတဲ့ မျောက်ဝံမေမေဟာ ၂၀၀၈ခုနစ်က Bristol တိရစ္ဆာန်ရုံကို ရောက်လာခဲ့တာဖြစ်တယ်။ Kera ကိုယ်ဝန်ဆောင်ပြီးနောက် လူသားလို သွေးတိုးဖြစ်လာတာကြောင့် ဗိုက်ခွဲမွေးဖွားတဲ့ နည်းလမ်းကို အသုံးပြုတာဖြစ်တယ်။

အခုဆိုရင် မျောက်ဝံမေမေဟာ တဖြည်းဖြည်းပြန်လာသက်သာလာနေပြီး တိရစ္ဆာန် ပညာရှင်များက လည်း မျောက်ဝံကလေးကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်နေကြပါ တယ်။

CRI Myanmar



Follow us on