1. Home
  2. Movie Stars - Celebrity

မပွတ်ကျွတ် အနေနဲ့ တွေ့ရအုံးမယ့် ခိုင်သင်းကြည်

Movie Stars - Celebrity มี.ค. 01, 2559 view 1,857

ရပ်ကွက်ဘုရင်မ-၂ ဇာတ်ကားကြီးထဲမှာ မပွတ်ကျွတ်အနေနဲ့ သူမကို တွေ့မြင်ရအုံးမှာဖြစ်ပါတယ်။  

တစ်ချိန်က မပွတ်ကျွတ်ဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေ ရင်းနှီးခဲ့တဲ့ သူမအတွက် အခုလည်း ရပ်ကွက်ဘုရင်မ-၂ ထဲမှာလည်း မပွတ်ကျွတ် ဇာတ်ကောင်အနေနဲ့ တွေ့မြင်ရအုံးမှာလို့ဆိုပါတယ်။

"ဒီကားမှာ မခိုင်က မပွတ်ကျွတ် အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်းကလည်း မတူတော့ဘူးပေါ့။ ပထမဇာတ်မှာ စပ်စုမ အခုတော့ မပွတ်ကျွတ် ဖြစ်သွားတာ။ဒီဇာတ်ကားထဲမှာလည်း မခိုင်က အမွှေစိန်ပဲပေါ့"လို့ မခိုင်လေးက ပြောထားပါ တယ်။

ရပ်ကွက်ဘုရင်မ ဇာတ်ကားကြီးကလည်း ယခုလတ်တလောရုံတင်ပြသနေတာ  ပရိသတ်အားပေးမှုအများအပြား ရနေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်နေ ပါတယ်။ မင်းသမီးတွေကြီးပဲ အပြိုင်ကြဲ ထားတဲ့ ရပ်ကွက်ဘုရင် မ -၂ ကိုလဲ စောင့်မျှော် ရအုံးမှာ ဖြစ်ပါတယ်။



Follow us on