၈၈ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို လော့စ်အန်ဂျလိစ်က Dolby ကဇာတ်ရုံမှာ ကျင်းပပြုလုပ်နေပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အကောင်းဆုံးဇာတ်ကားတွေနဲ့ ပါဝင်သူတွေကို ဆုရွေးချယ်ပေးအပ်တဲ့ပွဲကြီးပါ။ အော်စကာကို ရုပ်ရှင်လောကရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးဆုလို့လည်း ပြောနိုင်ပါတယ်။
ဒီနှစ်အော်စကာဆုကို လွှမ်းမိုးနိုင်ခဲ့တာကတော့ ဆုခြောက်ခု ရသွားတဲ့ Mad Max : Fury Road ပါ။ လီယိုနာဒိုနဲ့အတူ ရင်ခုန်မျှော်လင့်ထားကြတဲ့ ပရိတ်တွေကတော့ ဆန္ဒပြည့်ဝသွားပြီလို့ ဆိုရမှာပါ။ မင်းသားကြီး လီယိုနာဒိုတစ်ယောက် The Revenant ဇာတ်ကားနဲ့ သူ့ရဲ့ ပထမဆုံးအော်စကာကို ရယူနိုင်သွားပါပြီ။
အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု - လီယိုနာဒို ဒီကာပရီယို (The Revenant)
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု - ဘရီး လာဆန် (Room)
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု - မာ့ခ် ရိုင်လန့်စ် (Bridge of Spies)
အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု - အေလစ်ကာ ဗီကန်ဒါ (The Danish Girl)
အကောင်းဆုံး ဒါရိုက်တာဆု - အလက်ဂျန်ဒရို အင်နာရီတူ (The Revenant)
ရုပ်သံအထူးပြုလုပ်ချက်ဆု - ဆာရာဘန်နက်နှင့်အဖွဲ့ (Ex Machina)
အကောင်းဆုံးကာတွန်းအန်နီမေးရှင်းဆု - Inside Out
မှတ်တမ်းရုပ်ရှင်ဇာတ်ကားဆု - Amy