1. Home
  2. Special or Others

ခန္ဓာကိုယ် သွယ်လျစေဖို့ အကောင်းဆုံး သဘာဝ နည်းလမ်း (သို့မဟုတ်) လမ်းလျှောက်ခြင်း

Special or Others มี.ค. 01, 2559 view 1,596

နေ့တိုင်း မိနစ် ၃၀ လမ်းလျှောက်ခြင်းက အပြေးလေ့ကျင့်ခန်း သို့မဟုတ် gym ကစားခြင်းထက် ပိုမိုထိရောက်ကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။

London School of Economics မှ သုတေသနက ပုံမှန်ခြေလှမ်းကြဲကြဲလေးလျှောက်သူတွေဟာ ကိုယ်ကာယလေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်သူများထက် ပိုမိုသေးသွယ်တဲ့ ခါးတိုင်းနဲ့ ပိုမိုလျော့နည်းတဲ့ ကိုယ်အလေးချိန်ညွှန်းကိန်း ရရှိနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

လမ်းလျှောက်ခြင်းက အသက် ၅၀ နှစ်ရှိ အမျိုးသမီးများ သို့မဟုတ် အထက်ရှိသူများ ဝှေ့လျော့ရာမှာ အထိရောက်ဆုံးဖြစ်ကြောင်း ၁၉၉၉ မှ ၂၀၁၂ အထိ စမ်းစစ်လေ့လာသည့်ဒေတာများအရ သိရပါတယ်။

LSE မှ health economics ဆရာဝန် Grace Lordan က လန်ဒန်ရှိ လူနာအယောက် ၅၀,၀၀၀ ဝန်းကျင်ထံမှ အချက်အလက်တွေကြည့်ပြီး သွက်သွက်လက်လက် လမ်းလျှောက်ခြင်းကို အဓိကလေ့ကျင့်ခန်းပုံစံအဖြစ် ဆောင်ရွက်သူများ ကိုယ်အလေးချိန်လျော့နည်းကြကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။

လမ်းလျှောက်ခြင်းက gym ကစားခြင်းထက် သက်သောင့်သက်သာပိုရှိပြီး လူတွေအတွက် လုပ်မြဲလုပ်ဖို့ ပိုလွယ်ပါတယ်။

ဒီလေ့ကျင့်ခန်းက အထူးသဖြင့် အသက်ကြီးသူများအတွက် ပိုမိုသင့်တော်မှန်ကန်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ် အရမ်းကြီး သန်စွမ်းစရာနေဖို့ မလိုလို့ပဲဖြစ်ပါတယ်။ ဒီခပ်သွက်သွက်လှမ်းလျှောက်လေ့ကျင့်ခန်းက အကုန်ကျလည်းသက်သာပြီး လွယ်ကူတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ကြောင်း သူမက ထပ်မံအကြံပြုပြောဆိုခဲ့ပါတယ်။
 



Follow us on