1. Home
  2. Movie Stars - Celebrity

တစ်ကိုယ်တော်အခွေ ပြင်ဆင်နေတဲ့ ဆုန်သင်းပါရ်

Movie Stars - Celebrity มี.ค. 03, 2559 view 1,933

ဆုန်သင်းပါရ် ဟာ အခုလောလောဆယ်မှာ တစ်ကိုယ်တော်အခွေထွက်ဖို့ပြင်ဆင်နေပြီး ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲ "အထင်ကရ"ကိုလည်း အခွေအနေနဲ့ ပြန်ထုတ်သွားဖို့လဲ ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတဲ့ သူမအခွေထဲမှာ ကော်ပီသီချင်းတွေချည်းပြန်ဆိုမှာ ဖြစ်တယ်လို့ လဲ သိရပါတယ်။ ကော်ပီအခွေဖြစ်ပေမယ့်လည်း ပရိသတ်တွေနဲ့ ရင်းနှီးမယ်လို့ မထင်ပါဘူးလို့ပြောပါတယ်။

"အခွေက လုပ်ထားတာရှိ တယ်။ Dream Lover နဲ့ ၁၂ ပုဒ် ထည့်မှာကို သုံးပုဒ်လောက်ဆိုဖို့ ကျန်သေးတယ်။ ဖျော်ဖြေပွဲတွေ သွားနေတာက တစ်ကြောင်း၊ သီချင်းတွေက နည်းနည်းခက်လို့ ကြောက်နေတယ်။ တေးရေးတွေ ကတော့ ဦးမင်းချစ်သူတို့လို တစ် သက်လုံးလက်တွဲခဲ့တဲ့ ဆရာတွေ ပါသလို ဆုန်သင်းတစ်ခါမှ မဆို ဖူးသေးတဲ့ အောင်ကိုမြင့်တို့၊ ကိုအငဲတို့ သီချင်းတွေလည်း ပါ တယ်။ နောက်ပြီး ဒီအခွေကတော့ ကော်ပီ။ ကော်ပီဆိုပေမယ့် ပရိ သတ်နဲ့ ရင်းနှီးမယ်လို့ မထင်ဘူး။ဒီအခွေကိုတော့ ပရိသတ်တွေအတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်" လို့ ဆိုပါတယ်။

အဲ့ဒီအခွေထဲမှာ Bonus အနေနဲ့ ကိုယ်ပိုင်သံစဉ် တစ်ပုဒ်ပါဝင်မှာဖြစ်ပြီး ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့ သီချင်းလေးတစ်ပုဒ် အမှတ်တရအနေနဲ့ ထည့်ထားပေးတယ်လို့ ဆိုပါတယ်။

Duwun



Follow us on