1. Home
  2. Myanmar News

ရန်ကုန်မြို့တွင် နိုင်ငံခြားသား တစ်ဦးမှာ (၁၀) ထပ်တိုက်မှ ခုန်ချခဲ့

Myanmar News มี.ค. 03, 2559 view 1,570

မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက်ရှိ သီရိကွန်ဒိုတွင် တည်းခိုနေထိုင်နေသည့် ကိုရီးယားနိုင်ငံသားတစ်ဦးသည် ၁၀ လွှာ အမြင့်ရှိ တိုက်ခန်းပေါ်မှ ခုန်ချသေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ်ရှိ သီရိကွန်ဒိုတွင် လာရောက်တည်းခိုနေထိုင်သည့် အသက်(၃၅)နှစ်အ ရွယ် ကိုရီးယားနိုင်ငံသား Mr. Kin Hyogun သည် မတ်လ ၂ ရက် နံနက် ၆ နာရီခန့်က ၎င်းနေထိုင်ရာ အခန်း၌ ကိုရီးယားဘာသာဖြင့် စာတစ်စောင် ရေးသွားခဲ့ပြီး ၁၀ လွှာအမြင့်မှ ခုန်ချခဲ့ခြင်းဖြစ် ကြောင်း မရမ်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

‘‘စာထဲမှာ ရေးထားတာက တော့ သူ့မိသားစုနာမည်နဲ့ သူ့ ရည်းစားနာမည်ကိုရေးပြီး သူ အား လုံးကို ချစ်ပါတယ်တဲ့။ ဒီလို ပုံစံမျိုးနဲ့ ထွက်သွားရတဲ့အတွက် လည်း တောင်းပန်ပါတယ်တဲ့။ ကြောက်တယ်၊ ခုန်ချရမှာကို ကြောက်တယ်လို့ ရေးထားတာ ပါ’’ဟု ၎င်းကဆိုသည်။

သေဆုံးသွားခဲ့သည့် ကိုရီး ယားနိုင်ငံသား Mr. Kin Hyogun သည် မြန်မာနိုင်ငံသို့ အလုပ်ဗီဇာ ဖြင့် ယခုနှစ် ဇန်န၀ါရီအတွင်း ရောက်ရှိနေခြင်းဖြစ်ပြီး ကိုရီးယားဘာသာဖြင့် ရေးသားခဲ့သည့်စာမှာလည်း ၎င်း၏ ချစ်သူနှင့် မိသား စုထံသို့ ရေးသားထားခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ နိုင်ငံခြားသား ၁၀ လွှာအမြင့်မှ ခုန်ချသေဆုံးခဲ့မှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့မရဲစ ခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 



Follow us on