1. Home
  2. Special or Others

ဗဟုသုတ ရစေပြီး ပြုံးပျော်ရွှင်နိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ မထင်မှတ်ထားသော ဥပဒေများ

Special or Others มี.ค. 04, 2559 view 1,604

အမေရိကန် ပြည်ထောင်စုရဲ့ အဓိပ္ပါယ် မရှိဆုံး ဥပဒေတွေကို ဗဟုသုတဖြစ်ဖွယ် အားလုံးသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

အယ်ဘားမား
ဝက်ဝံ နပန်းသတ်ပွဲများ ကျင်းပခြင်းကို တားမြစ်ထားပါတယ်။

ဝိုင်အိုမင်
ငါးကို ရိုင်ဖယ်သေနတ်နဲ့ပစ်ရင် ဥပဒေ ချိုးဖောက်ရာ ရောက်ပါတယ်။

အလက်စကာ
ဆံပင်ညှပ်ဆိုင်ထဲကို ကြိုးကြာငှက်ကို ခေါ်ဆောင်သွားလို့ မရပါဘူး။

ဒါကိုတာ တောင်ပိုင်း
ဒိန်ခဲ စက်ရုံထဲမှာ အိပ်ပျော်သွားတာက ဥပဒေနဲ့မညီပါဘူး။

အရီးဇိုးနား
လူတစ်ယောက်ကို ရေတစ်ခွက်ပေးဖို့ ငြင်းဆန်ရင် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။

ရို့ဒ်အိုင်းလန်း
အဝေးပြေးလမ်းမပေါ်မှာ မြင်းတွေကို အပြေးပြိုင် ခိုင်းလို့မရပါဘူး။

နယူးရော့ခ်
လူထုကြားထဲမှာ မျက်နှာဖုံးတပ်ထားတဲ့ လူအုပ်စုက ဥပဒေနဲ့ မညီပါဘူး။

အာကန်ဆက်စ်
ည ၉ နာရီ နောက်ပိုင်း အသားညှပ် ပေါင်မုန့်ဆိုင်ရှေ့မှာ ကားဟွန်းတီးလို့ မရပါဘူး။

ဖလော်ရီဒါ
သင့် ကလေးကို ရောင်းစားရင် ဥပဒေချိုးဖောက်ရာ ကျပါတယ်။

ဟာဝိုင်ရီ
တစ်ကြိမ်တည်းမှာ ကိုယ့်ရှေ့မှာ ရှိတဲ့ အရက်ခွက် တစ်ခွက်တစ်ခွက်ထက် ပိုသောက်လို့ မရပါဘူး။

အင်ဒီးယားနား
ငါးတစ်ကောင်ကို ဘာကိရိယာမှ မပါဘဲ လက်ချည်းသက်သက်နဲ့ ဖမ်းရင် အပြစ်ရှိပါတယ်။

မန်ဆာချူးဆက်
တနင်္ဂနွေနေ့မှာ ပန်းခြံမှာ ဘောလုံးကစားရင် ၅၀ ဒေါ်လာ ပေးရပါတယ်။

မွန်တာနာ
ကိုယ်ပိုင် အိမ်မွေး ကြွက်တစ်ကောင် မွေးထားရင် အပြစ်ရှိပါတယ်။
 



Follow us on