1. Home
  2. Movie Stars - Celebrity

တောင်သူ လယ်သမားနေ့ကို မှတ်မှတ်ရရ ဂုဏ်ပြု လိုက်တဲ့ အိချောပို

Movie Stars - Celebrity มี.ค. 04, 2559 view 1,685

မတ်လ(၂)ရက်နေ့မှာ ကျရောက်ခဲ့ တဲ့ တောင်သူလယ်သမားများနေ့ကိုတော့ အိချောပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် မှာ မှတ်မှတ်ရရနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

ပြည်မြို့မှာ "မျက်ရည်ပန်းကုံး" ဇာတ်ကားကို ရိုက်ကူးနေတဲ့ သူမက  တောင်သူဦးကြီးတွေနဲ့ ကောက်စိုက်သမလေးတွေအတွက် ဂုဏ်ပြုစာကိုလည်း သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါခဲ့ပါ တယ်။

"ဒီနေ့ တောင်သူလယ်သမားနေ့မှာ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် ကောက်စိုက်သမလေးများအား ဂုဏ်ပြုလျှက်.."ဆိုတဲ့ စာသားလေးကို ရေးထားကာ ကောက်စိုက်သမလေးများရဲ့ဓာတ်ပုံကိုလဲ တင်ထားပါတယ်။

လတ်တလောမှာတော့ သူမဟာ "မျက်ရည်ပန်းကုံး"ဇာတ်ကားကို ရိုက်ကူးပြီးစီး၍ ရန်ကုန်ကို ပြန်ရောက် နေပြီလို့ သိရပါတယ်။

 

Duwun



Follow us on