အသက် ၃၁နှစ်အရွယ် Teenage Girl အဆိုတော် katy perry နဲ့ အသက်(၃၁)နှစ် အရွယ် မင်းသားချော Orlando တို့ဟာ ဟာဝိုင်အီမှာ တစ်ယောက်လက်ကို တစ်ယောက်တွဲ ထားကြပါတယ်။
Orlando က ရှပ်အကျီ မပါပဲ Katy Perry ကတော့ အဖြူရောင်အင်္ကျီနဲ့ပါ။ Lord of the Rings မင်းသားက ဟာဝိုင်အီကို အလည်လာတဲ့ Katy နောက်ကို လိုက်လာခဲ့တာပါ။ Katy ကတော့ ၂၄တုန်းက ရှိုးပွဲပြီးကတည်းက မပြန်သေးတာပါ။
“သူတို့၂ယောက်က အရမ်းကိုချစ်နေကြပုံပါပဲ။ လူအများမြင်မှာလည်း စိုးရိမ်ပုံမရပါဘူး။” လို့ မြင်ခဲ့သူ တစ်ယောက်က ET ONline ကိုပြောခဲ့ပါတယ်။ သူတို့၂ယောက်ဟာ အိမ်တစ်ခုကို ငှားပြီး အတူနေခဲ့ကြတာဖြစ်ပါတယ်။ တောင်တက်ခြင်း၊ ညစာစားခြင်း၊ ဟယ်လီကော်ပတာ စီးခြင်း စတာ တွေကို အတူတကွလုပ်ခဲ့ကြပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း လူမြင်ကွင်းမှာ တွဲပြခဲ့ခြင်း လည်း ဖြစ်ပါတယ်။