1. Home
  2. Special or Others

ဂျပန်ပညာသင်ဆု အတွက် မတ်လ ၂၀ ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်မည်

Special or Others มี.ค. 07, 2559 view 1,715

ဂျပန်နိုင်ငံရှိ တက္ကသိုလ်ဝင်တန်း နှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် Hirose နိုင်ငံ တကာပညာသင်ဆုကို မြန်မာနိုင်ငံမှ အထက်တန်းအောင်နှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မတ်လ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။

အဆိုပါ ပညာသင်ဆုသည် ဂျပန်နိုင်ငံ၏ အထက်တန်း ဒုတိယနှစ်မှစတင် တက်ရောက်ရမည်ဖြစ်ကာ မိမိရွေးချယ်ရာ ဂျပန်နိုင်ငံ၏ တက္ကသိုလ်ဝင်ခွင့်ကို ဖြေဆိုရမည်ဖြစ်ပြီး ဘွဲ့ရရှိသည်အထိ ထောက်ပံ့ပေးမည်ဖြစ်သည်။

အဆိုပါ ပညာသင်ဆုကို မြန်မာနိုင်ငံမှ အထက်တန်းအောင် မြင်ထားပြီးသူ (သို့) တက္ကသိုလ် တက်ရောက်နေပြီး ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (N3) အောင်မြင်ထားသူ မည်သူမဆို တက္ကသိုလ်ပါမောက္ခချုပ် (သို့) ဌာနမှူးထောက်ခံစာဖြင့် လျှောက် ထားနိုင်မည်ဖြစ်သည်။

လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာတော် သင်ကျောင်းသားဟောင်းများအသင်း (MAJA) တွင် ရယူနိုင်ပြီး မတ်လ ၂၀ ရက် နောက်ဆုံးထား၍ လျှောက်လွှာများကို အဆိုပါ အသင်းရုံးခန်း (အခန်းနံပါတ် G 21, G 22 ဒုတိယထပ်၊ ပုလဲကွန်ဒို၊ ဗဟန်းမြို့နယ်)သို့ ပြန်လည်ပေး ပို့ရမည်ဖြစ်သည်။

ပညာသင်ဆု ရွေးချယ်ခံရသူ များကို မြန်မာနိုင်ငံ ဂျပန်ပြန်ပညာ သင်ကျောင်းသားဟောင်းများအ သင်း (MAJA)ကတစ်ဆင့် အ ကြောင်းကြားမည်ဖြစ်ပြီး ဇွန်လအ တွင်း လူတွေ့စစ်ဆေး၍ အောက်တိုဘာ၌ စတင်တက်ရောက်ရမည် ဖြစ်သည်။

အဆိုပါ ပညာသင်ဆုပေးအပ်သည့် Hirose ပညာသင်ဆုထောက်ပံ့ရေးအဖွဲ့သည် အာရှနိုင်ငံများမှ ဂျပန်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာလေ့လာနေသည့် ကျောင်းသား၊ ကျောင်းသူများအား ရည်ရွယ်၍ ပညာသင်ဆု ထောက်ပံ့နေသောအဖွဲ့ ဖြစ်သည်။
 



Follow us on