1ရက်နေ့က အသက် (၂၂)နှစ်ပြည့်သည့် အဆိုတော် ဂျပ်စတင်ဘီဘာသည် မွေးနေ့တွင် မိတ်ဆွေများနှင့် ရေခဲလိုဏ်ဂူတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့သည်။
Justion Bieber ဟာ မွေးနေ့ပါတီကျင်းပခြင်းမရှိဘဲ အရင်းနှီးဆုံး မိတ်ဆွေအချို့နှင့် ဆီးနှင်းများ ထူထပ်စွာကျ ရောက်နေသော တောင်တစ်လုံးပေါ်သို့ သွားရောက်ပြီး မွေးနေ့ကို ဖြတ်သန်းခဲ့သည်။
မွေးနေ့ခရီးစဉ်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ဂျပ်စတင်ဘီဘာက အင်စတာဂရမ်တွင် ဖော်ပြထားပြီး ၎င်းတို့ သူငယ်ချင်းတစ်စု ရေခဲလိုဏ်ဂူထဲသို့ သွားရောက်နေပုံ ကိုလည်း ဖော်ပြထားသည်။ ယင်းဓာတ်ပုံများတွင် မွေးနေ့ရှင် ဂျပ်စတင်ဘီဘာက စာသားများ ရေးသားဖော်ပြခြင်းမရှိပါဘူး ။Bieber တို့ ယင်းခရီးစဉ်မှ ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် အပြန်ခရီးတွင် သူငယ်ချင်းတစ်စု လေယာဉ်ပေါ်၌ ရိုက်ကူးထားသော ဓာတ်ပုံ တစ်ပုံကိုလည်း Bieber ကဖော်ပြခဲ့ပါတယ်။