1. Home
  2. Movie Stars - Celebrity

ချစ်သက်တမ်း တစ်နှစ်ပြည့် တေလာဆွစ်နဲ့ ကယ်ဗင်ဟားရစ်

Movie Stars - Celebrity มี.ค. 07, 2559 view 1,631

           ရည်းစားတွေထည်လဲတွဲခဲ့တဲ့ အဆိုတော်လေးက ခုချိန်မှာတော့ ပျော်ရွှင်နေပါပြီ။ ချစ်သက်တမ်း တစ်နှစ်ပြည့်သွားတဲ့ တေလာဆွစ်နဲ့ ကယ်ဗင်ဟားရစ်တို့ စုံတွဲက သူတို့ရဲ့ နှစ်ပတ်လည်ကို အတူဆင်နွှဲခဲ့ကြပါတယ်။ ကယ်ဗင်နဲ့ စပြီးချစ်ခဲ့တဲ့ အချိန် တစ်နှစ်ပြည့်သွားတဲ့အပေါ် တေလာဆွစ်က သူမရဲ့ အင်စတာဂရမ်ပေါ်မှာ တင်လိုက်တာပါ။ အသဲပုံလေးနှစ်ခုနဲ့ 1 Year လို့ ကိုယ်တိုင်ပြုလုပ်ထားပုံရတဲ့ ကိတ်လေးကို နှစ်ယောက်အတူပြုလုပ်ထားခဲ့ပုံလည်းရပါတယ်။

            အသက် ၃၂ နှစ်အရွယ် DJ သမား ကယ်ဗင်ဟားရစ်က သူ့လက်ရာကိတ်မုန့်နဲ့ ဗီဒီယိုကို snapchat ပေါ်မှာ တင်ခဲ့ပါသေးတယ်။ တေလာကတော့ သူတို့နှစ် ချစ်သူဖြစ်ခဲ့တဲ့ ရက်စွဲကို ရေးထိုးထားတဲ့ 3.6.2015 စာတမ်းပါ အသဲပုံလော့ကတ်လေးကို အင်စတာဂရမ်ပေါ်မှာ တင်ထားခဲ့တာပါ။

http://www.duwun.com.mm/



Follow us on