1. Home
  2. Special or Others

ဒုတိယတန်းကျောင်းသူ ၅၄သိန်းတန် ပညာသင်ဆု ရရှိ

Special or Others มี.ค. 07, 2559 view 1,648

             Colgate - Palmolive ရဲ့ ၅၄သိန်း တန်ဖိုးရှိတဲ့ ဒုတိယအကြိမ်မြောက် ပညာသင်ဆုကို (၇)နှစ်အရွယ် ဒုတိယတန်းကျောင်းသူ မထက်နွယ်လင်းက ရရှိသွားကြောင်း မတ်လ (၇)ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ သူရဲ့မိခင်ဖြစ်သူ သမီးအတွက် ဖိနစ်သစ်သွားဝယ်ရင် အိမ်နားကဈေးမှာ ကိုးလ်ဂိတ် သွားတိုက်ဆေးဘူးနှစ်ဘူး ၀ယ်ရာကနေ အဲဒီ့ဆုကို ရရှိသွားတာပါ။

             ဆရာတွေကလည်း ဥာဏ်ကောင်းသူလို့ ချီးမွမ်းခံရတဲ့ ဒုတိယတန်းကျောင်းသူ မထက်နွယ်လင်းအတွက် အင်္ဂလိပ်ဘာသာနဲ့ နွေရာသီ ပန်းချီအနုပညာ သင်တန်းတွေ အပ်နှံသွားဖို့အတွက် ပညာသင်ဆုထဲက တချို့တ၀က်ကို အသုံးပြုပြီး ကျန်တာကိုတော့ အနာဂတ်ပညာရေးအတွက် စုဆောင်းသွားဖို့ မိဘတွေက ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

            မြန်မာနိုင်ငံက ကလေးသူငယ်တွေရဲ့ ပညာရေး မျှော်မှန်းချက်တွေကို အထောက်အကူ ပြုနိုင်ဖို့အတွက် Colgate က ဇန်န၀ါရီ ၁၅ ရက်ကနေ ဧပြီ ၁၅ရက်အထိ ငွေကျပ်သိန်းပေါင်း ၅၄၀ တန်ဖိုးရှိတဲ့ ပညာသင်ဆု အစီအစဉ်တွေကို ဒီနှစ်မှာ စတင်ထားပြီး အစီအစဉ်ပြီးဆုံးချိန်မှာ ဆုတွေအားလုံးကို ချီးမြင့်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။      https://www.facebook.com/DVBTVNews/



Follow us on