1. Home
  2. Myanmar News

လူ ၂ ဦးသေဆုံးပြန်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှ ယာဉ်တိုက်မှု

Myanmar News มี.ค. 07, 2559 view 1,566

          ရန်ကုန်၊ မတ် ၇၊ ၂၀၁၆ မတ်လ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်က မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၀၈/၇)အနီးတွင် နေပြည်တော်မှမန္တလေးမြို့သို့ ယာဉ်မောင်း ကိုကျော်ခိုင်စိုးမောင်းနှင်လာသည့် (အဖြူ ရောင်)မော်တော်ယာဉ်မှ ခရီးသည်အတင်အချ ပြုလုပ်နေသော ယာဉ်မောင်း ကိုသန်းဝင်းအောင် မောင်းနှင်လာသည့် မန်းရွှေမြို့ တော် ခရီးသည် တင်ယာဉ်၏ ၀ဲဘက်အနောက်ပိုင်းအား ၀င်တိုက်မှုဖြစ်ပွားသဖြင့် သီးကုန်း အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အပါအ၀င် မန်းရွှေမြို့တော် ခရီးသည်တင်ယာဉ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် (အဖြူ ရောင်)မော်တော်ယာဉ်မှ ယာဉ်မောင်းအပါအ၀င် ယာဉ်ပေါ်ပါ ကျား(၁၀)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း (၂၁)ဦးအနက် ကျား(၁)ဦး၊ မ(၁)ဦး၊ ပေါင်း (၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများအား မိတ္တီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ https://www.facebook.com/IrrawaddyBurmese/



Follow us on