1. Home
  2. Movie Stars - Celebrity

ဒိုင်လုပ်တာ အမုန်းခံရတယ် ဆိုတဲ့ မေဆွိ

Movie Stars - Celebrity มี.ค. 07, 2559 view 1,672

Myanmar Idol သီချင်းဆို ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင် အဖြစ် ဆောင်ရွက်နေသည့် မေဆွိက ဒိုင်အဖြစ် လုပ်ကိုင်နေသည့် အပေါ် ဝေဖန်မှု များနှင့် လူမုန်းခံ ရကြောင်း ပြောဆိုလိုက်ပါသည်။ အမှန်တော့ ကျွန်မတို့က Myanmar Idol က ပြိုင်ပွဲဝင် (၁၁) ယောက်လုံးကို ရွေးပြီးပြီ ဆိုရင် အဲဒီ (၁၁) ယောက်လုံးကို ပရိသတ် လက်ထဲကို ထည့်ပေးလိုက်တယ်။ ပရိသတ်က ဆုံးဖြတ်ပြီး သူတို့က Vote လုပ်ရမှာ။ အဲဒီတော့ ကျွန်မတို့ရဲ့ အဆုံးအဖြတ်က (၃၀) ရာခိုင်နှုန်းပဲ ယူပါတယ်။ ဒါပေမဲ့ ကျွန်မတို့က သူတို့ကို Perform လုပ်ပြီးတိုင်း ပြောတယ်။ ဂရုစိုက်စေချင်တဲ့ အချက်တွေကို ပြောတယ်။ တချို့က ပြုတ်သွား တာကို ပြုတ်သွားတဲ့ သူကို ပြန်ထည့်ချင်တယ်။ မပြုတ်တဲ့ သူကို ပြုတ်စေချင်တာတို့ ရှိကြ ပါတယ်။ ဒါပေမဲ့ လူ့ အလိုတော့ နတ်မလိုက်နိုင် ပါဘူး။ မြန်မာပြည်က ပရိသတ်တွေ ကလည်း သိပ်တော့ မညံ့တော့ ပါဘူး။

သူတို့ လည်း နားလည် လာပါပြီ။ သဘောပေါက်လာပြီ။ ဘာကြောင့်လဲ ဆိုတော့ အိပ်မက်ဆုံရာ (ရာသက်ပန်) တုန်း ကလည်း သူတို့ ဒီလိုပဲ Voting လုပ်ခဲ့တယ်။ အဲဒီတုန်းက သားဂန်းနဲ့ အောင်ထက်တို့ ဆိုရင် တော်တော့ကို အချေအတင် ဖြစ်ကြတယ်။ ဒါတွေကိုလည်း ကျွန်မတို့ အမုန်းခံ ပြီးတော့ အောင်ထက်ကို ရွေးထုတ်ခဲ့ ရတယ်။ အခုလည်း အောင်ထက် ကလည်း လူကြိုက်တဲ့ အဆိုတော် တစ်ယောက် ဖြစ်နေပြီ။ အဲဒီတော့ Myanmar Idol ကလည်း တစ်ယောက်ပဲ ရွေးမှာ။ Myanmar Idol ကလည်း အပတ်စဉ် တစ်ယောက်တော့ ဖြုတ်ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်ပွဲ ဖြစ်နေတယ်။ ပြိုင်ပွဲဖြစ်တော့ အမှားအယွင်း မခံဘူး။ စိတ်ရဲ့ခံစားမှုပေါ်မှာ မူတည်တယ်လို့ ထင်တယ်။ ကြိုးစားမှု အပိုင်းကတော့ ပြိုင်ပွဲဝင်တွေနဲ့ပဲ ဆိုင်တော့တယ်။ ကျွန်မတို့ ဘာမှ လုပ်ပေးလို့ မရတော့ဘူး။ ကျွန်မတို့က ပရိသတ် ပြောလည်း ခံရမှာပဲ။ သူတို့ ပရိသတ်နဲ့ Deal လုပ်မယ့် အပေါ် မှာပဲ မူတည်တယ်။ ဒိုင်အဖြစ်နဲ့ လုပ်ရတာ အမုန်းခံရ ပါတယ်။ တချို့က မျက်နှာလေး ကြိုက်ပြီး ရွေးထား တာကို ဖြုတ်ရတာ ရှိတယ်။ ဒါကလည်း ကျွန်မတို့ရဲ့ ဂီတ ဖြတ်သန်းမှုနဲ့ ကျွန်မတို့ အတွေ့အကြုံနဲ့ ရွေးချယ် တာပါ။ ကျွန်မတို့ Personal Feeling နဲ့ မဆုံးဖြတ်ပါဘူး။ ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်း ကိုပဲ ကြည့်ပြီး ဆုံးဖြတ် ပါတယ် ဟု မေဆွိက ပြောကြားခဲ့ပါတယ်။



Follow us on