1. Home
  2. Myanmar News

ကုမ္ပဏီရုံးခန်းတွင် ငွေလာယူသော ရုံးအကူအမျိုးသမီးကို ရုံးစောင့်အမျိုးသားက အဓမ္မပြုကျင့်

Myanmar News มี.ค. 09, 2559 view 1,563

ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းတွင် ဖွင့်လှစ် ထားသည့် ကားကုမ္ပဏီရုံးခန်းသို့ငွေသွားယူသည့် ရုံးအကူဝန်ထမ်း အမျိုးသမီးကို ရုံးစောင့်အမျိုးသား က အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
မတ်လ ၆ ရက် နေ့လယ်တွင် ကုမ္ပဏီရုံးခန်းသို့ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးက ကျပ်ခြောက်သိန်းကျော် လာယူစဉ် ရုံးစောင့်အမျိုးသားက အဓမ္မပြုကျင့် ခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ကောင်မလေးက ငွေလာ ယူတာကို ပေးလိုက်တယ်။ ပြီး တော့ ပြောစရာရှိတယ်ဆိုပြီး အ ခန်းထဲခေါ်သွားပြီး အဓမ္မပြုကျင့် တယ်။ မုဒိမ်းမှုကျူးလွန်သူမှာ မိန်းမနဲ့ ကလေးတစ်ယောက် ရှိပါ တယ်။ လုံခြုံရေးအရ သူ့ကို အင်း စိန်ထောင်ကို ပြောင်းရွှေ့ထားပါ တယ်’’ဟု ၎င်းကပြောသည်။

ပြစ်မှုကျူးလွန်သူမှာ အသက်(၄၅)နှစ်ရှိ ကိုရှည်ကြီး (ခ) ခင်မောင်သက်ဖြစ်ကာ ဒလမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူးလွန်ပြီးနောက် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘သူက အရက်သောက်ထား တယ်။ နောက်ပြီး ကောင်မလေး ကလည်း ဒီကုမ္ပဏီကို သုံးလေးခါ လောက်လာဖူးတယ်။ ပိတ်ရက် ဖြစ်နေတော့ ရုံးခန်းမှာအစောင့် တစ်ယောက်တည်းရှိချိန်မှာ ဖြစ်သွားတာပါ။ ကောင်မလေးလာ တိုင်ပြီး နာရီပိုင်းအတွင်းမှာပဲ ဖမ်းဆီးရမိပါတယ်’’ဟု ၎င်းက ပြော သည်။

မုဒိမ်းမှုကျူးလွန်သူ ကိုရှည် ကြီး (ခ) ခင်မောင်သက်ကို ပုဇွန် တောင်မြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထား သည်။ ရန်ကုန်တိုင်းတွင် နှစ်လအ တွင်း လူသတ်မှု ၂၂ မှု၊ မုဒိမ်းမှု ၂၈ မှု၊ လုယက်မှု ၁၀ မှု၊ ဖောက် ထွင်းမှုနှစ်မှု ဖြစ်ပွားခဲ့သည်။



Follow us on