1. Home
  2. Myanmar News

သရီးဒီ ပန်းချီကားတွေနဲ့ ပျော်စရာ ဓာတ်ပုံလေးတွေ ရိုက်ကြမလား

Myanmar News มี.ค. 10, 2559 view 1,723

        ကစားကွင်းဆိုလို့ အင်တာနက်ကနေမြင်ဖူးတဲ့ သူများနိုင်ငံက ကစားကွင်းတွေကို မြင်ယောင်မိပါသေးတယ်။ ကစားကွင်းတွေထဲ မှာမှ ဘန်ကောက်က Magic Art Museum တို့လို၊ စင်ကာပူက Trick Eye Museum တို့လို အသက်ဝင်လှတဲ့ သရီးဒီပန်းချီတွေနဲ့ အတူ ကိုယ်တိုင်သရုပ်ဆောင်လို့ ဓာတ်ပုံတွေ ရိုက်ရတာကလည်း မြင်တာနဲ့ကို သွားချင်စိတ်ဖြစ်မိစေတာပေါ့။

        အဲဒီလိုနေရာတွေကို သွားဖို့ဆိုရင် သူများနိုင်ငံကို လေယာဉ်စီးပြီးသွားရမှာဆိုတော့ ဒါက လူတိုင်း တတ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ခုတော့ ရန်ကုန်မှာလည်း ဒီလိုနေရာလေးတစ်ခု ပေါ်လာပါပြီ။ ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ကန်တော်မင်္ဂလာပန်းခြံထဲမှာရှိတဲ့ Happy World ကစားကွင်းထဲမှာ 3D Art Gallery ဆိုတဲ့ နေရာလေးကို ထပ်တိုးလိုက်ပါပြီ။ အဲဒီနေရာမှာ မြင်းစီးလို့ရသလို ဘဲလေးကချေသည်လိုလည်း ကနိုင်ပါတယ်။ ကြောက်စရာကောင်းလှတဲ့ ငါးမန်းကြီးရဲ့ ပါးစပ်ထဲလည်း ၀င်ကြည့်နိုင်ပြီး လပေါ်ကိုလည်းအလည်သွားနိုင်ပါတယ်။

        ဆင်ကြီးနဲ့ Epic ကာတွန်းကားထဲက ငှက်ပိတုန်းလေးကိုလည်း စီးနိုင်မှာဖြစ်သလို မိုက်ကယ်ဂျက်ဆင်လို အမိုက်စားအကမျိုးလည်း ကနိုင်မှာဖြစ်ပါတယ်။ 3D Art Gallery ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလထဲမှာ အကြို ဖွင့်ပွဲအနေ့နဲ့ ဖွင့်လှစ်ခဲ့ပေမယ့် အစပိုင်းမှာ Happy World ကို လာဖြစ်တဲ့လူတွေသာ ဒီနေရာလေးကို သိရှိပြီး သွားရောက်ကြပါတယ်။

http://myanmar.mmtimes.com/

 

 



Follow us on