1. Home
  2. Special or Others

ဝယ်ယူသူ ၄၀၀ ကျော် ရှိလာတဲ့ ရွှေကြိုလျှောက်လွှာ

Special or Others มี.ค. 10, 2559 view 1,726

          ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရွှေကြို လျှောက်လွှာများကို စတင်ရောင်းချနေရာ ဆယ်ရက် အတွင်း လူဦးရေ လေးရာကျော် လာရောက်ဝယ်ယူထားကြောင်း သိရသည်။ ယခုနှစ် အတွက်ရွှေကြိုလျှောက်လွှာများကို ဖေဖော်ဝါရီ ၂၆ ရက်မှစကာ မတ်လ ၁၁ ရက်အထိ ရောင်းချပေးမည်ဖြစ်ပြီး မတ်လ ၁၁ ရက် နောက်ဆုံး ထားလျှောက်ထားရမည် ဖြစ်သည်။

         "ဆယ်ရက်အတွင်းမှာ အယောက်လေးရာကျော်လောက် လာဝယ်တယ်။ အရင်နှစ်ထက်စာရင်တော့ များတယ်။ (၁၁) ရက်နေ့ထိဆိုတော့ ထပ်လာဝယ်ဦးမှာပဲ။ ရွေးမှာက အယောက် ၂ဝ ထဲပါ” လို့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။

        လက်ရှိတွင် အကယ်ဒမီ ရွှေကြိုရွေးချယ်ရေး အကဲဖြတ် ကော်မတီကို အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်းထား ပြီးဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် အကယ်ဒမီ ရန်အောင်၊ အတွင်းရေးမှူးအဖြစ် ဒါရိုက်တာ အိအိခိုင်၊ အဖွဲ့ဝင်များ အဖြစ် ဦးဝင်းငြိမ်း၊ မို့မို့မြင့်အောင်၊ ဦးမြတ်ခိုင်၊ ကိုမျိုး(မြန်မာစာ)၊ မိုးမင်း(Rays)၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ မေသန်းနု၊ ယဉ်ယဉ် လဲ့နှင့် ခင်သန်းနွယ်တို့က ပါဝင်ဆောင်ရွက်သွားမည်ဟု သိရပါတယ်။

http://www.duwun.com.mm/



Follow us on