1. Home
  2. Special or Others

နန်းရတနာထိုက် နှင့် ကျပ် သိန်း ၅၀ တန် ငွေညှစ်တဲ့ ကိစ္စရဲ့ နောက်ကြောင်း ဖြစ်ရပ်မှန်

Special or Others มี.ค. 11, 2559 view 2,367

ကျနော်တို့ ၀က်ဆိုဒ်မှာ အရင်က သိန်း ၅၀ တန် ကိစ္စနဲ့ ပတ်သက်လို့ တင်ထားတာလေး တွေ့မိလိုက်မယ်လို့ထင်ပါတယ်။ အဲဒါ အမှားဆိုတာကို မှတ်စုကြမ်း အဖွဲ့က ကျနော်တို့ဆီကို ပို့ထားတာလေး ပြန်တင်ပေးလိုက်ပါတယ်။

အရင်က ပို့စ်တစ်ခုကို သတိထား မိလိုက် သလား မသိဘူး။ နန်း ရတနာထိုက် ဆိုသူကို Healer Healer ဆိုတဲ့ အကောင့် က ငွေညှစ် တယ် ဆိုတာ။

ဒါနဲ့ ကျွန်တော် ဝင်ကြည့်တော့ အရင်ဆုံး သတိထားမိတာက iPhone ပန်းရောင်လေးဗျ။  အဲဒီမှာ တန်းသိလိုက်တယ် တစ်ခုခုလွဲနေပြီ ဆိုတာ။ status တစ်ခုမှာ သူရေးထားတယ်ဗျ။ messenger software update လုပ်ဖို့ "playstore" မှာ မရှိကြောင်း ဆိုတာ။ Play Store နဲ့ iOS နဲ့ ဆိုတာ ဘာမှမဆိုင်တဲ့ သပ်သပ် ၂ ခုဗျ။ အဲ့ဒါ က တစ်ချက်။ နောက်တစ်ချက်က သူ့ကို ငွေညှစ်တဲ့ chatlog interface။ အဲ့ဒီ interface က iOS interface မဟုတ်ဘူး။ ပူးတွဲပုံကို ကြည့်ပါ။ ဒါ ဒုတိယ အချက်။ တတိယ အချက်က emoticon လေးတွေ။ iOS emoticon မဟုတ်ဘူး။ Android မှ Android emoticon စစ်စစ်။ ဒါဆိုရင်သေချာပြီ။ ပုံပါ မိန်းကလေးဟာ နန်းရတနာထိုက် လုံးဝမဟုတ်ဘူး။

ဒါဆို ပုံထဲက သူမက ဘယ်သူလဲ။

ဘိုင်ဂျူဟား (Byjuha) ဆိုတဲ့ ကိုရီးယား ဘလော့ဂါ မိန်းကလေး တစ်ယောက်ပုံ ဖြစ်ပါတယ်။အောက်က သူမရဲ့ ဘလော့ဂ် လိပ်စာ ဖြစ်ပါတယ်။

http://blog.naver.com/rnldyal0512


နန်းရတနာထိုက်ရဲ့ Faceboook:

https://www.facebook.com/nangyadanarhtike


ဒါဆိုရင် နန်းရတနာထိုက် ဆိုသူဟာ ပုံထဲက ကောင်မလေး မဟုတ်တာ ကျိန်းသေပါပြီ။

ဒါဆိုရင် အကောင့်က အတု။ ဒီဓာတ်ပုံကို ငွေညှစ်ခံရတဲ့ကိစ္စ ဆိုတာကရော။  ကိုယ့်ပုံမဟုတ်တဲ့ ဓာတ်ပုံ ငွေ ညှစ်ခံရတာ ဘာပူစရာ လိုသလဲ။ အဲဒါကို မဟုတ်ပဲ ရုပ်တည်ကြီးနဲ့ emoticon တွေ ထည်လဲသုံးပြီး လုပ်တယ် ဆိုကထဲ ဒီ chatlog ကြီးကလဲ ဇာတ်တိုက်ထားတာ တစ်ခုကြီး ဖြစ်မယ် ဆိုတာ ခန့်မှန်းလို့ ရပါပြီ။ ဒါ့ကြောင့် ငွေတောင်းခံရတယ်ဆိုတာလဲ လိမ်တာပဲ။ ဖြစ်နိုင်ချေ အရှိဆုံးက Healer Healer လဲသူပဲ။ ဒီဘက်က နန်းရတနာထိုက် ဆိုတာလဲသူပဲ။ တစ်ယောက်ထဲက ခွပြီးတော့ လုပ်ထားတာ။

အစကတော့ ဒီပို့စ်ကို page ထိ တင်ဦး မလို့ပါပဲ။ ဒါပေမယ့် သူ့ကြည့်ရတာ သူများကိုတော့ ထိခိုက်စေလိုတဲ့ သဘော မရှိပါဘူး။ သာမန် ဆယ်လီဖြစ်ချင်သူ တစ်ယောက် ဖြစ်ပါလိမ့်မယ်။ ဒါ့ကြောင့် ဂရုက လူများသိအောင်သာ အသိပေးလိုက် ရပါတယ် ခင်ဗျား။

ပေ့ဂ်ျ အချင်းချင်း အကူအညီပေးတဲ့ အနေနဲ့ ကျွန်တော့် ရှာဖွေတွေ့ရှိချက်လေး ကို ပေးလိုက်ပါတယ် ခင်ဗျ။

မှတ်စုကြမ်း page: https://www.facebook.com/notesofkn/

အရင်က တင်ခဲ့တဲ့ post မဖတ်ရသေးသောသူများ အောက်တွင်နှိပ်ပြီး ဖတ်နိုင်ပါတယ်..

ကျပ်သိန်း ၅၀ မပေးပါက FB ပေါ် သူမ ဓါတ်ပုံတွေ တင်ပြစ်မယ် ခြိမ်းခြောက်
 



Follow us on