1. Home
  2. Myanmar News

ညောင်ဦးမြို့တွင် ရုရှားနိုင်ငံသား များက ဒေသခံ ကလေးငယ်များအား ရှင်ပြုအလှူဒါန ပြုလုပ်ခဲ့

Myanmar News มี.ค. 11, 2559 view 1,827

                          ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ခဲ့သော ရုရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား အဖွဲ့သည် မတ် ၁၀ ရက်က ညောင်ဦးမြို့ အမှတ်(၆) ရပ်ကွက် ဓမ္မာရုံတွင် ရှင်ပြုအလှူဒါနပွဲ တစ်ခုကို ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခု၏ စီစဉ်ပေးမှုဖြင့် ကျင်းပခဲ့ကြောင်း သိရပါတယ်။

                         ရုရှားနိုင်ငံသား ကမ္ဘာလှည့်ခရီးသွား Mr. Bogachev Alexey ပါဝင်တဲ့ ရှစ်ဦး ပါဝင်သည့် DAVYDOV အဖွဲ့မှ ငွေကုန်ကြေးကျခံ၍ ဒေသခံ ရှင်သာမဏေ ၁၂ ပါး၊ နားသ ၁၀ ပါးတို့အား ရှင်ပြုပွဲ ကျင်းပပေးခဲ့ပြီး တက်သိမ်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးတိလောက အမှူးပြုသည့် ပင့်သံဃာငါးပါးအား လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းခြင်း၊ ကြွရောက်လာသည့် ဧည့်ပရိသတ်များအား ထမင်း၊ ငါးခြောက်ကြော်၊ ပဲဟင်း စသည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။

                          "ခုလိုလှူဒါန်း ဆောင်ရွက်ရတဲ့အတွက် အင်မတန်မှ စိတ်ချမ်းသာ ၀မ်းမြောက်ရပါတယ်" ဟု လဲ ရုရှားအလှူရှင်အဖွဲ့မှ မိသားစုဝင် တစ်ဦးက ပြောကြားသည်။ "ရပ်ကွက်ထဲက ကလေးတစ်ယောက်ကို အရွယ်ငယ်လို့ဆိုပြီး ချန်ထားခဲ့တာ။ အဲဒီကလေးက ရှင်လောင်းဝတ် မြင်းစီးချင်တာ မစီးရလို့ ငိုနေတာ လမ်းပေါ်မှာ" ဟု ရှင်ပြုအလှူပွဲ အစီအစဉ်အား ဆောင်ရွက်ပေးသူ All Asia Exclusive Travels ကုမ္ပဏီမှ ဒေသခံ မန်နေဂျာ ဦးခင်မောင်တင့်က ပြောကြားသည်။ "အလှူရှင်ကတော့ ရှစ်ဦးပါ။ အတွဲ လေးတွဲပေါ့။ လာတာတော့ သူတို့နိုင်ငံက ၁၂ ဦးလာတယ်။ 

                            မတ် ၈ ရက်က Charter Flight နဲ့လာကြတယ်။ ဒီနေ့အလှူပြီးတော့ ရန်ကုန် ပြန်သွားကြပါပြီ" ဟုလဲ ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားသားတွေရဲ့ မွန်မြတ်တဲ့ စိတ်ထားကို လဲ တွေ့ ရပါတယ်။ ပုဂံဒေသခရီးသွား လုပ်ငန်းတွေမှာ ခရီးသွားလုပ်ငန်း စွဲဆောင်မှုတစ် ခုအနေနဲ့ မြန်မာ့ရိုးရာ ဓလေ့ထုံးစံအတိုင်း ရှင်ပြုပွဲ ကျင်းပခြင်း၊ မင်္ဂလာဆောင်ခြင်း၊ အလှူဒါနပြုခြင်း တို့ကိုလည်း ခရီးသွားကုမ္ပဏီများ ၀န်ဆောင်မှု ပေးလာကြပါတယ်။



Follow us on