1. Home
  2. Special or Others

မသန်စွမ်း ဖခင်ကို အိမ်မှာ မထားခဲ့ရက်လို့ ကျောင်းခေါ်လာတဲ့သား

Special or Others มี.ค. 11, 2559 view 1,717

                      တရုတ်နိုင်ငံက တက္ကသိုလ် ကျောင်းသား တစ်ဦးဟာ မသန်စွမ်းတဲ့ ဖခင်ကို အိမ်မှာထားခဲ့ရမှာ စိတ်မချလို့ သူနဲ့အတူ တက္ကသိုလ်ကို ခေါ်လာခဲ့တဲ့ ဖြစ်ရပ်က လူမှု ကွန်ယက် စာမျက်နှာထက်မှာ လူပြောသူပြောများတဲ့ အကြောင်းအရာ တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဲဒီ ကျောင်းသားနာမည်က ချောင်ဒီလောင်ပါ။

                      သူဟာ ငယ်ငယ်တုန်းက အကြောသေ ရောဂါ ခံစားခဲ့ရဖူးပြီး မိဘတွေက သူ့ကို ကုသပေးနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ဒီလောင်ဟာ ခွဲစိတ်ကုသပြီး တဲ့နောက် ရောဂါ ပြန်လည်သက်သာခဲ့ပြီး လမ်းလျှောက်နိုင်ခဲ့ပါတယ်။ ချောင်ဒီလောင် တက္ကသိုလ် တက်မယ့်အချိန်မှာ သူ့အဖေ လေဖြတ်ခဲ့ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်တော့သလို သူ့အမေကလည်း ဒီဖြစ်ရပ်ကြောင့် စိတ်ကျရောဂါ ရခဲ့ပါတယ်။

                      ချောင်ဒီလောင်ဟာ သူ ငယ်ငယ်တုန်းက အကြောသေ ရောဂါ ခံစားနေရချိန်တွင် ဖခင်က သူ့အပေါ် ချစ်ခင် ကြင်နာခဲ့တာကို ပြန်ပေးဆပ်ဖို့အတွက် ခန္ဓာကိုယ် မသန်စွမ်းတဲ့ ဖခင်ကို အိမ်မှာ မထားခဲ့ဘဲ သူနဲ့အတူ တက္ကသိုလ်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။  

                       ချောင်ဒီလောင်က ''အဖေက ကျွန်တော့်ကို အရမ်း ဂရုစိုက်ပေးခဲ့တယ်။ အခုချိန်မှာ သူနေမကောင်းဘူး။ ကျွန်တော် သူ့ကို ပစ်မထားခဲ့နိုင်ပါဘူး'' လို့ ပြောပါတယ်။ ချောင်ဒီလောင်ဟာ နေ့စဉ်နေ့တိုင်း သူ့အဖေကို မျက်နှာသစ်၊ သွားတိုက်၊ ခေါင်းဖြီးပေးတာ စတဲ့ ဝေယျာဝစ္စတွေ လုပ်ပေးလေ့ရှိပြီး သူတို့ သားအဖ နှစ်ဦးရဲ့ စားဝတ်နေရေးအတွက် အချိန်ပိုင်း အလုပ် လုပ်တယ်လို့လည်း သိရပါတယ်။ သူတို့ သားအဖရဲ့ အခြေအနေကြောင့် ကျောင်းအာဏာပိုင်တွေက သူတို့ကို ဆိတ်ငြိမ်တဲ့ အခန်းမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။yoyarlay



Follow us on