1. Home
  2. Special or Others

မော်ဒယ်လ် အေးမြတ်သူ လားလို့ နာမည်ကြီးနေတဲ့ ဖျာလိပ် ၀တ်ဆင်ထားတဲ့ မော်ဒယ်လ်

Special or Others มี.ค. 11, 2559 view 1,924

အခုတလော အင်တာနက်ပေါ်မှာ နာမည်ကြီး လူရှယ်များနေတဲ့ဓါတ်ပုံဖြစ်ပါတယ်။ သူကတော့ ဖျာလိပ် ၀တ်ဆင်ပြီး ဓါတ်ပုံရိုက်ကာ အင်တာနက်မှာ ပြန့်နေပါတယ်။ တစ်ချို့တွေကလဲ ရူးနေလို့ ဒီလိုလုပ်သလားပေါ့။ တစ်ချို့တော့လဲ ဒါအရမ်းတော်တဲ့ ဖမ်တီးမှုလို့ပြောကြတယ်။

Comment လာပေးတဲ့သူတစ်ယောင်ကတော့ ဒီလိုရေးထားပါတယ် -

"စောက်ရမ်းလန်းတယ် တကယ်လေးစားတယ်။ ဝတ်စုံ creation လုပ်တဲ့သူက ဘယ်လိုပဲ အပေါစား အပျော်လုပ်ထားပါစေ ဖြစ်ကတတ်ဆန်း မလုပ်ထားဘူး ခေါက်ရ ချိုးရ ခက်ပါတယ်ဆိုတဲ့ သင်ဖျူးကို ကျကျနန ချိုးထားတယ်။ အလှ အပထက် fashion ကို ဦးစားပေးထားတယ် နောက်ပီး modelရဲ့ fashionက သူများတေလို ရှက်မနေဘူး မတ်နေအောင်ရပ်ထားပီး စမတ်ကျတယ် တော်တော်တန်တန် မလုပ်နိုင်ဘူး။ အချိန်သေချာပေးထားတယ်ဆိုတာ သိသာပါတယ်။
နောက်ခံ background ကို လေ့လာမယ်ဆိုရင်လည်း နွေရာသီရဲ့ ဓလေ့စရိုက် ရှုခင်းရှုကွက်တွေ ပေါ်လွင်ဖို့ ခြောက်သွေ့တဲ့ သစ်ပင်တေကြားထဲမှာ အသားပေးထားတာ အနုပညာ ရသမြောက်ပါတယ်။ ဖက်ရှင်မှန်း သိအောင် ဒေါက်အမြင့်ကို သုံးပြထားတယ် ရုတ်တရက်ဆို မလိုက်ဖက်ဘူး ထင်စရာ ရှိပေမယ့် အပေါစား မဟုတ်ဘူး ဆိုတဲ့အကြောင်း ပေါ်လွင်နေစေတယ်။ ဆံကေသာမှာ သုံးထားတဲ့ သရဖူကိုလည်း ရိုးရာ လက်လုပ်နဲ့ သရုပ်ဖော်ထားတဲ့အတွက် အင်မတန် စိတ်ကူးစိတ်သန်း ကောင်းမွန်လှပါတယ်။ အချုပ်အားဖြင့် ဤ photoကို အပျော်သဘော ရိုက်ကူးသည် ဖြစ်စေ ဖက်ရှင်အဖြစ်ရိုက်ကူးသည်ဖြစ်စေ ဒီဇိုင်နာကော မော်ဒယ်လ်ကော photographer ကော အရမ်း တော်ပါတယ်။
အဖက်ဖက်ကနေ လိုလေသေးမရှိ ပံ့ပိုးပေးထားနိုင်တာတွေ့ရပါတယ်။ ဤphoto ပို့စ်ပိုင်ရှင် ကို ရင်ထဲမှ အမှန်တကယ် လေးစားချီးကျူးပါကြောင်း..."

အောက်မှာ ပုံလေးတွေ စုစည်းတင်ပေးထားပါတယ်။ ကြည့်ပြီးတော့ ထင်ရာမြင်ရာလေးတွေ ပြောသွားလို့ရပါတယ်။


Credit to the original creator!



Follow us on