1. Home
  2. Movie Stars - Celebrity

Liam Payne က သူ့ထက် အသက် ဆယ်နှစ်ကြီးတဲ့ Cheryl cole နဲ့ လက်ချင်းတွဲလျက်ထွက်လာပါပြီ

Movie Stars - Celebrity มี.ค. 12, 2559 view 1,631

                         အသက် ၃၂ နှစ်အရွယ်ရှိ Cheryl နဲ့ အသက် ၂၂ နှစ်အရွယ်ရှိ One Direction အဖွဲ့ဝင် Liam Payne တို့ဟာ ယခုလ အစပိုင်းက အတူနေနေကြပြီဟု ကြေညာခဲ့ပြီးနောက် မတ် ၉ ရက်နေ့ ညနေက လန်ဒန်မြို့စားသောက်ဆိုင်တခုမှာ ညစာစားပြီးနောက် ပထမဆုံးအကြိမ် အများပြည်သူရှေ့မှောက်တွင် လက်ချင်းတွဲလျက် ထွက်လာခဲ့ပြီး ၎င်းတို့နှစ်ဦးကို ကြည့်ရသည် မှာ အရမ်းကို ချစ်နေကြပုံရပါတယ်။

                        Cheryl ဟာ ခန္ဓကိုယ်အလှကို ပေါ်လွင်စေသော အနက်ရောင် အကျီနှင့် ဘောင်းဘီ တစ်ဆက်တည်း ဝတ်စုံကို ဝတ်ဆင်ထားပြီး သားမွှေးဂျာကင်ကို လက်မောင်းတွင် လွှမ်းခြုံထားသည်။ Cheryl ဟာ “LOVE” စာသားပါ အရွယ်အစားကြီးလွန်းသော ဆွဲကြိုးကို ဝတ်ဆင်ထားပြီး သစ်သား နဲ့ ပြုလုပ်ထားသော ဖိနပ်အမြင့်ကို စီးထားပါတယ်။

                         

Liam Payne သည် Cheryl အပေါ်ထားရှိသည့် ခံစားချက်ကို Cheryl Cole နဲ့ အတူ Instagram တွင် မတ် ၈ ရက်က တင်ခဲ့ပါတယ်။ “ဒီကမ္ဘာပေါ်မှာ ကျွန်တော် သဘောအကျဆုံး အမျိုးသမီးဟာ Cheryl ဖြစ်ပါတယ်။ သူကြောင့် ကျွန်တော် ပျော်ရသလို ကျွန်တော်ကြောင့် သူပျော်ရမယ်လို့ မျှော်လင့်ပါတယ်”ဟု Liam Payne က ရေးသားထားပါတယ်။

                          Liam Payne သည် ယခင်က ဆိုဖီယာစမစ်နှင့် နှစ်နှစ်ကြာတွဲခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တို ဘာလတွင် လမ်းခွဲခဲ့ကြသည်။ ဂျေဘီနှင့် ချယ်ရီတို့သည် ၂၀၁၄ ခုနှစ် ဇူလိုင်လက လက်ထပ်ခဲ့ကြ ပြီးနောက် ၁၃ လအကြာ ၂၀၁၅ ခုနှစ် သြဂုတ်လတွင် လမ်းခွဲခဲ့ကြပါတယ် ။ အခုတော့ သူတို့ နှစ်ယောက်ကို အရမ်းချစ်ကြတဲ့ ချစ်သူတွေ အဖြစ်မြင်တွေ့ရပါတယ်။



Follow us on