1. Home
  2. Myanmar News

ခိုင်ခန့် မှု မရှိသော ဝါးတံတားပေါ် မှပြုတ်ကျခဲ့သည့် ဆိုင်ကယ်သမား အလောင်း ပြန်လည်တွေ့ရှိ

Myanmar News มี.ค. 14, 2559 view 1,629

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပိုင် မြစ်ကျိုးကျေးရွာနှင့် ကျွန်းစုကျေးရွာသို့ ဆက်သွယ်ထားသည့် ချောင်းဖြတ်ဝါးတံတားပေါ်မှ မတ်လ(၁၂) ရက်နေ့ မနက်ပိုင်း(၈)နာရီအချိန်ခန့် က ဆိုင်ကယ်သမားတစ်ဦး ဝက်တစ်ကောင် တင်၍ ဖြတ်သန်းမောင်းနှင်လာစဉ် ချောင်းထဲသို့ ပြတ်ကျခဲ့ရာ မတ်လ(၁၃)ရက်ယနေ့ နေလည် (၁၂) နာရီအချိန်၌ပြုတ်ကြခဲ့သူ၏အလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း မြစ်ကျိုးကျေးရွာသား တစ်ဦးထံမှ သတင်းရ ရှိသည်။

ဝါးတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက်(၁၈)နှစ်အရွယ်ရှိ ဒိုက်ဦးမြို့အမှတ်(၆) မင်းတဲရပ်ကွက်နေသက်ပိုင်ဦး(ခ)ပိုင်ကြီး ဆိုသူဖြစ်ပြီး ယနေ့ နေလည် ပိုင်း အချိန်ခန့် ၌ မြစ်ကျိုးကျေးရွာအုပ်စု ဘုရားသုံးဆူကျေးရွာအနီး နဂါးပေါက်ရေထိန်းတံခါးအနီးတွင် မှောက်လျှက် အနေအထားဖြင့် ၎င်း၏အလောင်းအားတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုသိရှိရသည်။

"မနေ့ ကမနက်ပိုင်းက ပြုတ်ကျတာ ဒီနေ့ နေ့ လည်ကြမှ အလောင်းကို ပြန်တွေ့တယ် ပြုတ်ကျတဲ့တံတားက အစိုးရက လေလံပစ်ထားတဲ့တံတားလို့ ပြောတယ် ဆိုင်ကယ် တွေ လူတွေ တံတားကို ဖြတ်သန်းအသုံးပြုရင် အသုံးပြူခ ပေးရတယ် တံတားရဲ့ ကြံ့ခိုင်မှုကတော့ မြင်တဲ့အတိုင်းဘဲ ဘာမှမပြုပြင်ဘူး မလိုလားအပ်တဲ့ဒုက္ခတွေ မဖြစ်ပေါ်ဖို့ မြို့နယ်နဲ့ကျေးရွာက တာဝန်ရှိသူတွေ အနေနဲ့တံတားနဲ့ပက်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးသင့်ပါတယ် "ဟု ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မြစ်ကျိုးရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ထား၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ်ရဲအုပ်ဇော်မျိုးက စုံစမ်းစမ်းစစ်ဆေးနေကြောင်း ဒေသခံကျေးရွားသားများကလည်း တံတားနှင့် ပက်သက်၍ အားနည်းချက်များအား ဝေဖန်ပြောဆိုမှုများ ရှိနေကြောင်း ဆက်လက်သိရှိရသည်။

Admin- Saw Gyi (Wawmedia )


 



Follow us on