1. Home
  2. Movie Stars - Celebrity

ထွန်းအိန္ဒြာဗိုလ်ရဲ့ကိုယ်တိုင်လုပ်ထားတဲ့ မျက်မှန်ကိုင်း

Movie Stars - Celebrity มี.ค. 14, 2559 view 2,537

                      မခိုင်ကြီးရဲ့ မျက်မှန်ကိုင်းကတော့ ၀ါးတူ နှစ်ချောင်းတဲ့ ပြုလုပ်ထားပါတယ် ။ လတ်တလောမှာ ရပ်ကွက်ဘုရင်မ-၂ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင် ရိုက်ကူးနေပါတယ်။နယ်ကို ရောက်ချိန်မှာ ကျိုးသွားတဲ့ သူမရဲ့ မျက်မှန်ကိုင်းအတွက် ဝါးတူနှစ်ချောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

                     

                     ကျိုးသွားတဲ့ မျက်မှန်ကိုင်းရဲ့ တစ်ဖက်စီမှာ ဝါးတူ တစ်ချောင်းစီကို အစားထိုးပြီး မျက်မှန်ကိုင်းအဖြစ် ပြုလုပ်ခဲ့တာပါ။ဝါးတူ နှစ်ချောင်းကို သရေကွင်းနဲ့ စည်းထားတဲ့ မခိုင်ရဲ့ မျက်မှန်ကိုင်းကတော့ တကယ့်ကို အသုံးဝင်တယ်လို့ဆိုရမှာပါ။

                        ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း သူမလုပ်ထားတဲ့ ဝါးတူမျက်မှန်ကိုင်းကို တင်ထားပြီး ကြည့်ရှုတဲ့ ပရိသတ်တွေကို မရယ်ဖို့ပြောထား ပါသေးတယ်။"နယ်ရောက်မှ ကျိုးသွားတဲ့ မျက်မှန်ကိုင်းအတွက် ယာယီ

"နယ်ရောက်မှ ကျိုးသွားတဲ့ မျက်မှန်ကိုင်းအတွက် ယာယီ ဖြေရှင်းထားရတယ်။မရယ်ပါနဲ့နော်."လို့ဆိုပါတယ်။ မရယ်ဖို့ မှာ ထားပေမယ့်လည်း သူမရဲ့ ပရိသတ်တွေကတော့ မခိုင်ရဲ့ ဥာဏ်ပြေးမှုကို ချီးကျူးအံ့သြ သဘောကျမိကြပါတယ်



Follow us on