1. Home
  2. Myanmar News

ယာဉ်စီးခပိုတောင်းတာတွေ၊ လက်မှတ်နဲ့ပတ်သက်ပြီး လိမ်လည်ပြောဆိုတာတွေ၊ မချေမငံ ဆက်ဆံတာတွေလုပ်ခဲ့ရင် သီးသန့် ဖုန်းနံပါတ်တွေကို တိုင်လို့ရပါပြီ။

Myanmar News มี.ค. 14, 2559 view 1,581

           လာမယ့် သင်္ကြန်ကာလအတွင်းမှာ ပြေးဆွဲမယ့် အဝေးပြေးယာဉ်လိုင်းတွေ ကားခပိုတောင်းရင် တိုင်လို့ရမယ့် သီးသန့် ဖုန်းနံပါတ်တွေ ထုတ်ပေးသွားမယ်လို့ မထသ (ဗဟို)က ပြောပါတယ်။ ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်စီးခပိုတောင်းတာတွေ၊ လက်မှတ်နဲ့ ပတ်သက်ပြီး လိမ်လည်ပြောဆိုတာတွေ၊ ခရီးသည်တွေကို မချေမငံ ပြောဆိုဆက်ဆံတာတွေလုပ်ခဲ့ရင် မထသကနေ သီးသန့်သတ်မှတ်ပေးထားတဲ့ ဖုန်းနံပါတ်တွေကို တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

           သင်္ကြန်ကာလအတွင်းမှာ အဝေးပြေးယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး ခရီးသည်တွေက တာဝန်ရှိသူတွေဆီကို တိုင်ကြားနိုင်မယ့် နေရာတွေကို သတ်မှတ်ပေးသွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလမှာ အဝေးပြေးယာဉ်လိုင်းအချို့ယာဉ်စီးခ ပိုမိုတောင်းခံတာနဲ့ လက်မှတ်ကြိုတင်မှာယူတာတွေကို ဈေးတင်ရောင်းတာတွေရှိခဲ့လို့ ခရီးသွားတွေ အခက်အခဲကြုံခဲ့ရတာကြောင့် လာမယ့် သင်္ကြန်ကာလအတွင်းမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးတာလို့ ဆိုပါတယ်။

           ၂၀၁၅ သင်္ကြန်ကာလမှာ ယာဉ်လိုင်း ၃၄ လိုင်းကို ခရီးသည်တွေ တိုင်ကြားတာ ၆၀ ရှိခဲ့ပြီး လက်မှတ်ခပိုမိုတောင်းခံတဲ့ အဝေးပြေးယာဉ်လိုင်းအချို့က လက်မှတ် စောင်ရေတစ်ရာကျော်ကို မထသ က ဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။

   http://www.duwun.com.mm/



Follow us on