1. Home
  2. Special or Others

တစ်လကိုပေါင်၅၀၀၀၀(သိန်း၆၇၀)ဝင်ငွေရနေတဲ့ Youtube Star

Special or Others มี.ค. 14, 2559 view 1,630

                                 တစ်လကို သိန်း၆၇၀ရှာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ဒါပေမယ့် Zoella ဆိုတဲ့ကောင်မလေး ကတော့ Youtubeကိုအသုံးပြုပြီး ဒီလောက်များတဲ့ ငွေပမာဏကိုရှာနိုင်ခဲ့တာပါ။ သူမဟာ ၈လအတွင်းမှာ ပေါင် ၄၀၀၀၀၀ (သိန်း ၅၄၀၀) လောက်အထိ ရှာဖွေနိုင်ခဲ့ပါတယ်။ သူမရဲ့နာမည်အရင်းကတော့ Zoe Suggဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းကYoutubeပေါ်မှာ သူမရဲ့Channel စပြီးထောင်ခဲ့ပါတယ်။

                                 သူမကဆံပင်နဲ့ မိတ်ကပ် Tutorial တွေတင်ခဲ့တာဖြစ်ပါတယ်။ အခုတော့သူမရဲ့Channel မှာ တစ်သန်း ကျော်တဲ့ Followerတွေရှိနေပါတယ်။ လွန်ခဲ့တဲ့ ၃ပတ်ကတင်ထားတဲ့ ဗီဒီယိုမှာတော့ ကြည့်ရှုသူ ၂သန်းကျော်သွားခဲ့ပါတယ်။ Wiltshire ဇာတိဖြစ်တဲ့ ဒီကောင်မလေးရဲ့ ပထမဆုံးစာအုပ် Girls Online စာအုပ်က တပတ်အတွင်းမှာ အုပ်ရေ ၇၈၁၀၉ ရောင်းခဲ့ရပြီး သမိုင်းမှာ အမြန်ဆုံးရောင်းရတဲ့ စာအုပ်အဖြစ်စံချိန်တင်သွားခဲ့ပါတယ်။

                                Zoella ဟာ အိပ်ခန်း၅ခန်းပါဝင်တဲ့ ပေါင်တစ်သန်းတန်နေအိမ်ကြီးမှာ သူမရဲ့ရည်းစာ အခြားYoutube Starတစ်ယောက်ဖြစ်တဲ့ Alfie Deyes နဲ့အတူအနေထိုင်နေပါတယ်။ အဲ့ဒိတစ်ယောက်ကတော့ Youtube ပေါ်မှာ Follower ၄.၈သန်းရှိပါတယ်။ ဝင်ငွေကတော့ သူမကြေငြာပေးတဲ့ အလှကုန်ပစ္စည်းCompanyတွေက ကြေငြာခပေးတာပါ။mom



Follow us on