1. Home
  2. Myanmar News

မီးပွိုင့်နီလို့ စောင့်နေတုန်း ၂၂ တိုက်ပေါ်မှ မဆလာ ကားပေါ်ကျလာတော့...ကံကောင်းလို့ လူပေါ်မကျလို့

Myanmar News มี.ค. 15, 2559 view 1,685

ဒီလိုဖြစ်ရပ်မျိုးက မဖြစ်တင့်သောအရာပါ။ အစ ကတည်းက Safety အတွက် ကောင်းကောင်း လုပ်ထားမယ်ဆိုရင် ဖြစ်စရာ အကြောင်းမရှိဘူး။ လူပေါ်ကျမလာလို့ ကံကောင်းမယ်လို့ ပြောရမယ်။ ကားနေရာမှာ လူသာဆိုရင် အသက်တစ်ချောင်း ဆုံးရှုံးမှာ။

အောက်ကစာကတော့ ကိုမောင်ဇော်မင်း ရေးထားတဲ့စာပါ တွဲတင်ပေးလိုက်ပါတယ်။

"၁၂၊ ၃၊၂၀၁၆ မနက် ၁၀နာရီ ခန့် က ကျွန်တော် ရဲ့ ကား Land Cruiser 1999 model ကားသည် ဆူလေဘုရားလမ်းမှ အနော်ရထာလမ်းသို့ ကွေ့ ရန် မီးနီ စောင့်နေစဉ် CNQC ကုမ္မဏီမှ တာဝန်ယူ ဆောက်လုပ် နေသော Sule Square ၂၂ ထပ် တိုက် အပေါ်ဆုံးထပ် Roof Beam မှ ဆန်းရှိုတ်ပုံစံ နေရာမှ ၁၅ ပေ ၁ပေခွဲ ခန့် အထူ ၁လက်မခွဲ နီပါး ရှိသော မဆလာ အပြာ လိုက်ကွာကျရာ ကျွန်တော့်ကား အမိုးမှာ ကျိုးပဲ့ ပျက်စီး ခဲ့ပါသည်၊၊"

"CNQC မှ တာဝန်ခံများမှာ အလုံးစုံ တာဝန်ယူမည်ဟု ပြေကာ ယနေ့ ၁၄၊ ၃၊ ၂၀၁၆ နေ့ကို ချိန်းဆို ခဲ့ပြီး ယနေ့ သွားရောက် တွေ့ဆုံသော် လက်ထောက်အထွေထွေ မန်နေဂျာဆိုသူမှာ တိမ်းရှောင်နေပါသည်၊၊ တာဝန်မဲ့သော နိုင်ငံခြားသား ပိုင်ကုမ္မဏီ မှ ဆောက်လုပ်သော safety မရှိ အများပြည်သူများ အသက်အန္တရယ်ရှိသော လုပ်ငန်းခွင်ကို သက်ဆိုင်ရာမှ အရေးယူနိုင်ရန် ဝိုင်ဝန်းကူညီပြီး share ပေးကြပါ၊၊"

(Maung Zaw Min)



Follow us on