1. Home
  2. Movie Stars - Celebrity

မိန်းမအချင်းချင်း စည်းလုံးရမယ်ဆိုတဲ့ Charli XCX

Movie Stars - Celebrity มี.ค. 15, 2559 view 2,221

        အဆိုတော် Charli XCX က ကီရှာကို အဒဲလ်က ထောက်ခံခဲ့တဲ့အတွက်လည်း ကျေနပ်နေသူပါ။ ကီရှာနဲ့ သူမရဲ့ ထုတ်လုပ်သူ ဒေါက်တာလုခ်တို့ရဲ့ တရားရင်ဆိုင်မှု ဖြစ်ပွားပြီးတဲ့နောက် ကီရှာကို ထောက်ခံကြောင်း Charli XCX က ပြောပါတယ်။ အနုပညာရှင်များက ကီရှာကို ဆိုနီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကနေ ကင်းလွတ်ခွင့် တောင်းဆိုရာမှာ သူမလည်း ကီရှာကို ထောက်ခံကြောင်း ပြောခဲ့တာပါ။"ဒါက အရေးကြီးပါတယ်။

       မိန်းကလေးတွေ စည်းလုံးရင် အင်အားကြီးပါတယ်" လို့ သူမက ပြောခဲ့ပါတယ်။ Charli ဟာ အဝတ်အစားဝတ်တာ ဟော့ရမ်းတာကြောင့် အဆိုးရွားဆုံး ဝတ်ဆင်သူစာရင်းမှာ ပါဝင်တတ်သူဖြစ်ပေမဲ့ သူမကတော့ ဂရုမစိုက်ပါဘူး။ "အထင်ကရ ဂီတပညာရှင်အားလုံးက အမြဲတမ်း အဆိုးရွားဆုံးဝတ်ဆင်သူစာရင်းမှာ ပါဝင်တတ်တာပဲလေ။ မက်ဒေါနားတို့၊ စပိုက်စ်ဂဲစ်တို့ကို ကြည့်ပါလား။ ဒါဟာ ဖက်ရှင်ပါ" လို့ သူမက ပြောခဲ့ပါတယ်။

   http://www.duwun.com.mm/



Follow us on