1. Home
  2. Special or Others

အိန္ဒိယက အောင်မြင်နေတဲ့ လမ်းဘေးကျောင်း

Special or Others มี.ค. 15, 2559 view 1,733

          နယူးဒေလီမြို့ တံတားအောက်မှာ စာသင်ကျောင်းဖွင့်ပြီး စာသင်ပေးနေတဲ့ ရာဂျာကူးမားရှာမန်ရဲ့ အကြောင်းဟာ ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ ရာဂျာကူးမား လိုပဲ ကမဲပါမာဆိုတဲ့ လူတစ်ဦးဟာလည်း လမ်းဘေးစာသင်ကျောင်းလေး ဖွင့်ထားပါတယ်။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အမာဒဘတ်မြို့ ဆင်ခြေဖုံးက ကလေးတွေစာသင်နိုင်ဖို့ လမ်းဘေးစာသင်ကျောင်းလေး ဖွင့်ထားတာဖြစ်ပြီး ကျောင်းသားပေါင်း ၁၅၅ ယောက်ထိရှိပါတယ်။

         ကျောင်းတက်တဲ့ ကလေးတွေကို ပုံမှန်ကျွေးမွေးတဲ့ အလှူရှင်တွေလည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်း ဒီကျောင်းကို ဖွင့်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကျောင်းသားအချို့ဟာ တက္ကသိုလ်ကောလိပ်တွေကနေတောင် ကျောင်းတွေပြီးကုန်ကြပြီ ဖြစ်ပါတယ်။ ဘဏ်မန်နေဂျာတွေနဲ့ အင်ဂျင်နီယာတွေကိုတောင် သူ့ကျောင်းက မွေးထုတ်ခဲ့ပြီးပြီ လို့ဆိုပါတယ်။

http://www.duwun.com.mm/

 

 



Follow us on