1. Home
  2. Special or Others

Adeleနဲ့ချွတ်စွတ်တူအောင်ပြင်လိုက်တဲ့ ဆွီဒင်သူ

Special or Others มี.ค. 15, 2559 view 1,678

                            အသက် ၂၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွီဒင်နိုင်ငံသူ Ellnor Hellborgဟာ သူမရဲ့ရုပ်ကို Adeleနဲ့ချွတ်စွတ် တူအောင် မိတ်ကပ်ပညာနဲ့ ပြင်ပြီးနောက်ပိုင်းမှာတော့ အင်တာနက်ပေါ်မှာ လူပြောများလာခဲ့ပါတယ်။ဒီနှစ်အစောပိုင်းတုန်းကသူမရဲ့ 144000 Followers တွေကို “ကျွန်မကို Adeleနဲ့တူတယ်လို့ပြောနေကြ တယ်။

 

                      ဒီတစ်ခါတော့ တကယ်တူအောင်လုပ်လိုက်ပြီ”ဆိုပြီးဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ အရမ်းကိုတူနေ ခဲ့လို့ လူတိုင်းအံ့သြခဲ့ရပါတယ်။ မျက်လုံးတွေကအစတူနေအောင် ပြင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

 

 

 

                   သူမရဲ့ နဂို မျက်နှာလေးကတော့ တထပ်ထဲ တူလှတယ်လို့ မဟုတ်ပါဘူး မိတ်ကပ်အစွမ်းကြောင့် ပိုပြီးတူသွားတယ်လို့ ထင်မိပါတယ်။



Follow us on