1. Home
  2. Special or Others

ကလေးတွေနဲ့ကစားခဲ့တဲ့ အောင်လအန်ဆိုင်း

Special or Others มี.ค. 16, 2559 view 1,682

          မြန်မာနိုင်ငံမှာကျင်းပမယ့် MMA ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရောက်နေတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းဟာ ဂရုဏာပျိုးခင်း ပရဟိတအဖွဲ့က ဖွင့်လှစ်ထားတဲ့ လမ်းဘေးစာသင်ဝိုင်းက ကလေးငယ်တွေနဲ့ သွားရောက်ဆော့ကစားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံထဲမှာ ဂရုဏာပျိုးခင်းအဖွဲက ကလေး ငါးဆယ်ကျော်နဲ့ ပျော်ပျော်ပါးပါး ဆော့ကစားခဲ့ပါတယ်။

          ကလေးတွေနဲ့ ဆော့ကစာပြီးနောက်ပိုင်းမှာ အောင်လအန်ဆိုင်းရဲ့အဖွဲ့နဲ့ ဂရုဏာပျိုးခင်း ပရဟိတအဖွဲ့တွေက အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံမှာ မြန်မာစပါးကြီးမြွေလို့ နာမည်ကြီးနေတဲ့ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန် နဲ့ အီဂျစ်တိုက်ခိုက်ရေးသမား မိုဟာမက်အလီတို့ဟာ လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံမှာ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။

http://www.duwun.com.mm/

 



Follow us on