1. Home
  2. Special or Others

စာသင်ခန်းထဲမှာပရောဂျက်တာမဖြုတ်မိပဲ ပေါက်ကရတွေဝင်ကြည့်တဲ့ကျောင်းဆရာ

Special or Others มี.ค. 16, 2559 view 1,619

ကွန်ပျုတာနဲ့ ဆက်သွယ်ထားတဲ့ ပရိုဂျက်တာ ပလက်ကို မဖြုတ်မိဘဲ အမျိုးသမီးပုံများ ၀င်ရောက်ကြည့်ရှုမိသည့် တက္ကသိုလ်ဆရာတစ်ယောက်ရဲ့ အဖြစ်အပျက်ဟာလည်း လူတွေ ပြောစရာ ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဆရာဟာ သင်္ချာဘာသာရပ် သင်ကြားပြသနေတဲ့ ဆရာတစ်ယောက်ဖြစ်ပါတယ်။

Mirror သတင်းစာကတော့ သင်္ချာကျောင်းသားတွေအတွက် မျှော်လင့်မထားတဲ့ ဇီဝဗေဒသင်ခန်းစာတွေကို သင်ကြားခွင့်ရခဲ့တဲ့ အခိုက်အတန့်လို့ လှောင်ပြောင်ပြော ထားပါတယ်။ ကနဦးတုန်းကတော့ အဲဒီဆရာဟာ သူ့ရဲ့ သင်ကြားစာတွေကို ပရိုဂျက်တာနဲ့ ထိုးပြီး ပြသနေစဉ်မှာ ကျောင်းသားတွေဟာ တိတ်ဆိတ်စွာ သင်ယူနေကြပါ တယ်။

ဒါပေမယ့် သင်္ခန်းစာပိုင်း ခဏနားတဲ့အချိန်မှာ အဲဒီဆရာဟာ ပရိုဂျက်တာနဲ့ဆက်သွယ်ထားတဲ့ ပလက်ကို မဖြုတ် မိဘဲ အ၀တ်အစားတစ်ဝက်တစ်ပြတ်နဲ့ အမျိုးသမီးတွေရဲ့ ပုံတွေကို ၀င်ရောက်ကြည့်ရှု့နေခဲ့တာကြောင့် ပရိုဂျက် တာပေါ်မှာတော့ တစ်ဝက်တစ်ပြတ်အ၀တ်အစား အမျိုးသမီးပုံတွေကို မိနစ်ပိုင်းလောက်အထိ ကျောင်းသားတွေ အနေနဲ့ ရှင်းရှင်းလင်းလင်းကို မြင်နေခဲ့ရပါတယ်။

အဆိုပါ ဆရာကြောင့် ကမ္ဘာကျော် web engine တစ်ခုဖြစ်တဲ့ eBay မှာ Alge-bra ဆိုတဲ့ စကားလုံးတစ်လုံး ပေါ် လာခဲ့ပြီး alge ဆိုတာကတော့ အက္ခရာသင်္ချာ Algebraic ကို ရည်ညွှန်းပြီး bra ဆိုတာကတော့ မပေါ့်တပေါအ၀တ် အစားလေးတွေနဲ့ ၀တ်စားထားတဲ့ မိန်းမပျိုလေးတွေကို ရည်ညွှန်းတယ်လို့ သိရပါတယ်။ အဆိုပါ ဆရာရဲ့လုပ်ရပ် ကြောင့် ကျောင်းသားတွေကြားမှာ အံ့သြမှုတွေ ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။



Follow us on