1. Home
  2. Myanmar News

စင်္ကာပူနိုင်ငံမှ မီးသတ်ဆေးဘူး ကွန်တိန်နာတစ်လုံးစာဖြင့် သမ္မတကြီး ဦးထင်ကျော်ကို ဂုဏ်ပြု

Myanmar News มี.ค. 16, 2559 view 1,626

        စင်္ကာပူနိုင်ငံ Fire Armour Pte. Ltd. ၏ ပိုင်ရှင်ဖြစ်သူ မစ္စတာတန်မှ ယနေ့ မတ်လ ၁၅ ရက် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန် မီးသတ်ဆေးဘူး အရွယ်စုံဆိုက်စုံ အလုံးရေ (၁၀၀၀ ကျော်ခန့်) ပေ ၂၀ အရွယ်အစား ကွန်တိန်နာတစ်လုံးစာ ကို လှူဒါန်းလိုက်ပါတယ်။ နောက်ထပ်လည်း ဆက်လက် လှူဒါန်းဦးမယ်လို့ ပြောပြပါတယ်။

        မစ္စတာတန်မှ ပရဟိတကိုကျော်ကြီးကို ဆက်သွယ်လာခဲ့ပြီး မြန်မာနိုင်ငံအတွက် လိုအပ်တဲ့နေရာများတွင် အသုံးပြုနိုင်ရန် လှူဒါန်းချင်တဲ့အကြောင်း လွန်ခဲ့သော တစ်ပတ်ခန့်က ပြောကြားလာခဲ့ပါတယ်။ ကိုကျော်ကြီးမှ စာရေးသူကို ဆက်သွယ် အကူအညီတောင်းခံလာခဲ့သောကြောင့် လှူဒါန်းလိုက်သော မီးသတ်ဆေးဘူးများ အတွက် အခွန်အခများ ကင်းရှင်းပြီး မြန်မာပြည်သို့ တရားဝင်ပို့ဆောင်နိုင်ရန် မြန်မာသံရုံး (စင်္ကာပူမြို့ ) ကို ဆက်သွယ်၍ လိုအပ်သော စာရွက်စာတမ်း ကိစ္စရပ်များ လုပ်ဆောင်ပေးခဲ့ပါတယ်။

        ကွန်တိန်နာပို့ဆောင်ခနှင့် မြန်မာနိုင်ငံ ဘက်ခြမ်းတွင် လိုအပ်သော ကိစ္စရပ်များ လုပ်ဆောင်ရန် ကိုနေဇာ (မင်္ဂလာပါချောကလက်) နှင့် YIT 95 November Intake Group သူငယ်ချင်း တစ်စုက လှူဒါန်းကူညီခဲ့ပါတယ်။ ယခုလှူဒါန်းလိုက်သော မီးသတ်ဆေးဘူး များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းထံသို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ "ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်ကို ကြိုဆိုလိုက်တာပဲ။ ဂုဏ်ယူတယ်ဗျာ" လို့ ပရဟိတ ကိုကျော်ကြီးက ၀မ်းသာစကားဆိုသွားခဲ့ပါတယ်။

Credit ; သတင်းစုံ



Follow us on