1. Home
  2. Movie Stars - Celebrity

ကိုင်လီဂျန်နာဟာ သူမရဲ့ ခဲအို ကာညေးဝပ်စ်ရဲ့ Yeezy collection ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ PUMA Fierce ကြော်ငြာကို ရိုက်ရတာ ဂုဏ်ယူနေပါတယ်။

Movie Stars - Celebrity มี.ค. 17, 2559 view 1,586

        ကိုင်လီက PUMA ကြော်ငြာကို ဘယ်တော့မှ ရိုက်မှာမဟုတ်ဘူးလို့ ကာညေးဝပ်စ်က ငြင်းခဲ့ပေမဲ့ PUMA အတွက် ကိုင်လီဂျန်နာ ပထမဆုံး ရိုက်ကူးပေးတဲ့ ကြော်ငြာဖြစ်ပြီး ဒီအတွက် စိတ်လှုပ်ရှားကြောင်း ကိုင်လီက ဖွင့်ပြောခဲ့ပါတယ်။ ကိုင်လီဟာ PUMA တံဆိပ် အင်္ကျီပြာလေးကို အပြာရောင် လိပ်ပြာပုံ ဘောင်းဘီကျပ်လေးနဲ့ တွဲဝတ်ပြီး PUMA ဖိနပ်ကိုလည်း ပေါ်လွင်အောင်ပြထားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကိုင်လီဟာ PUMA ကြော်ငြာဓာတ်ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

        "PUMA Fierce အတွက် ကြော်ငြာရိုက်ပေးခဲ့ရတာကို ဖွင့်ပြောရတာ ကျွန်မ စိတ်လှုပ်ရှားတယ်" လို့ သူမက ရေးသားခဲ့ပါတယ်။ ကိုင်လီက PUMA အတွက် ကြော်ငြာရိုက်ကူးပေးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတုန်းက ကိုင်လီရဲ့ အမေတူအဖေကွဲ အစ်မ ကင်မ်ကာဒါရှီယန်ရဲ့ခင်ပွန်း ရက်ပါနဲ့ ဖက်ရှင်ဒီဇိုင်နာ ကာညေးဝက်စ်က ဘယ်တော့မှ အဲဒီလိုဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ "ကိုင်လီပူးမားဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ ကိုင်လီက Yeezy အဖွဲ့ဘက်မှာ ရှိတယ်" လို့ ကာညေးက အခိုင်အမာ ပြောခဲ့ဖူးပါတယ်။

   http://www.duwun.com.mm/



Follow us on