1. Home
  2. Movie Stars - Celebrity

အကယ်ဒမီ လိုချင်တဲ့ အိန္ဒြာကျော်ဇင်

Movie Stars - Celebrity มี.ค. 17, 2559 view 1,691

                           "မောင့်အိမ်သူ"ဇာတ်ကားနဲ့ အကယ်ဒမီ ရနိုင်တယ်လို့နာမည်ထွက်နေတဲ့ သူမက အကယ်ဒမီကို လိုချင်တယ်လို့ ဆိုပါတယ်။ မင်းသမီးရဲ့လုပ်ကွက်တွေ အများကြီးပါတဲ့ "မောင့်အိမ်သူ"ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ထားတဲ့ သူမကို အကယ်ဒမီရနိုင်တယ်လို့ အားလုံးက ဝိုင်းပြီး ထင်ကြေးပေး နေကြပါတယ်။ အဲ့လို ထင်ကြေးပေးခံနေရတဲ့ သူမရဲ့ အကယ်ဒမီ ရင်ခုန်သံကိုလည်း လဲ ပြောပြခဲ့ပါတယ်။

                             " အစ်မတို့ကတော့ အကောင်းဆုံး ကြိုးစား ထားပါတယ်။ အကယ်ဒမီကို လိုချင်လား လို့ မေးရင်တော့ ဘယ်သူမဆို လိုချင်တာပေါ့။ အစ်မလည်း အတိုင်းထက် အလွန် အရမ်း လိုချင်ပါတယ်။ ဒါ ပေမဲ့ အကယ်ဒမီဆိုတာက နတ်ကြီးတယ်လို့ ပြောကြတယ်။ ကိုယ်လည်း စိတ်ကိုတော့ အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ထားထားပါတယ်။ မရခဲ့သည်ရှိသော် ခံနိုင်ရည်ရှိအောင်၊ ငါရမှာလား မသိဘူး ဆိုတဲ့ စိတ်ကြီးကိုတော့ ဘယ်တော့မှ ထည့်မထားဘူး။ မရခဲ့ရင်လည်း အရမ်းခံစားရတယ်။ အဲဒါကြောင့် အမြဲတမ်း ပေါ့ပေါ့ပါးပါးပဲ ထားထားတယ်။ ရခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့။ ကိုယ်ကတော့ အရမ်းလိုချင်ပါတယ်"ဟုဆိုပါတယ်။

                             အဲ့ဒီဇာတ်ကားကြီးဟာ အိမ်ထောင်ရေး ဇာတ်ကားကြီး တစ်ကားဖြစ်ပြီး ယောကျာ်းရဲ့ဖောက်ပြန်မှုကြောင့် စိတ်ကယောက်ကယက်ဖြစ်ကာ အထီးကျန်ခံစားရတဲ့ မိန်းမတစ်ယောက်ပုံစံ သရုပ်ဆောင်ထားတဲ့ သူမရဲ့ ကာရိုက်တာက အရမ်းကို ပီပြင်ပြီး ပရိသတ် အားပေးမှုရထားတဲ့ ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်ပါတယ်။Duwun



Follow us on