1. Home
  2. Movie Stars - Celebrity

အောင်လအန်ဆိုင်းကို သွားရောက်တွေ့ဆုံတဲ့ အောန်ဆိုင်း

Movie Stars - Celebrity มี.ค. 18, 2559 view 1,611

MMA အားကစားသမား အောင်လအန်ဆိုင်းကို စသိသည့် အချိန်ကတည်းက အားပေးခဲ့သကဲ့သို့အပြင်တွင် လူချင်းတွေ့ ဆုံရချိန်၌လည်း ပို၍လေးစားခဲ့ကြောင်း အောန်ဆိုင်းက ပြောကြားသည်။ ‘‘သူ့အကြောင်း စသိတဲ့အချိန်ကတည်းက သူ့ပရိသတ်ဖြစ်ခဲ့တယ်။ အပြင်မှာတွေ့တော့ သူ့ကိုပိုပြီး လေးစားမိတယ်။

ဘာကြောင့်လဲဆိုတော့ သူက အရမ်း ရိုးသားပြီး အရမ်းကြိုးစားတယ်။ သူ့ရဲ့အောင်မြင်မှုတစ်ခုတည်းအ တွက် မဟုတ်ဘဲ သူ့ရဲ့ Personalityကြောင့်လည်းပါ တယ်’’ဟု ကချင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် အောန်ဆိုင်း က ပြောသည်။ MMA ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆိုင်း လေ့ကျင့်သည့်နေရာသို့ မတ်လ ၁၅ ရက်က သွားရောက် တွေ့ဆုံခဲ့ကြောင်း အောန်ဆိုင်းက ပြောသည်။ ‘‘MMA ပထမဆုံးပွဲကြည့်ဖူးတယ်။ ဒီတစ်ခါကြည့်မှာ ဒုတိယပေါ့။

တီဗီကနေတော့ ကြည့်ဖြစ်တယ်။ ဒီတစ်ခေါက်ကတော့ အရင်တုန်းကနဲ့ မတူဘူး။ အခုကတည်းက စိတ်လှုပ်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တကယ်အားပေး တဲ့သူ၊ ကိုယ်က သူ့ပရိသတ်ဆိုတော့ စိတ်လှုပ်ရှားမိတယ်’’ ဟု ၎င်းက ပြောသည်။ အောင်လအန်ဆိုင်းနှင့်ယှဉ်ပြိုင်ထိုးသတ်မည့် မိုဟာမက်အလီကလည်း နာမည်ကြီးတစ်ဦးဖြစ်သော ကြောင့် အဆိုပါပြိုင်ပွဲသည် စိတ်လှုပ်ရှားစရာပြိုင်ပွဲ တစ်ခု ဖြစ်မည်ထင်ကြောင်း အောန်ဆိုင်းက ဆိုသည်။ အောင်လအန်ဆိုင်းနှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီတို့ သည် မတ်လ ၁၈ ရက်တွင် အမျိုး သားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

http://www.7daydaily.com/



Follow us on